ပြခန်းတွေစုံတော့ လာရောက်လည်ပတ်သူတွေအတွက် အသိပညာ ဗဟုသုတတွေ ရပါတယ်။ တိုင်းရင်းသားရိုးရာအစားအစာနဲ့ ထုတ်ကုန်ပစ္စည်းတွေကို လာရောက်လည်ပတ်ကြသူတွေ အကြိုက်တွေ့မှာပါ

 

 

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့တွင် ပါဝင်ပြသခဲ့ကြသည့် ဂုဏ်ပြုယာဉ်များ၊ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာအရောင်းပြခန်းများကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စတုတ္ထနေ့အဖြစ် ဆက်လက်ခင်းကျင်းပြသလျက်ရှိသည်။ အဆိုပါပွဲတော်၌ ခင်းကျင်းပြသထားသည့် ဂုဏ်ပြုယာဉ်များနှင့်ပြခန်းမှ တာဝန်ရှိသူများနှင့် လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကို အများပြည်သူများသိရှိနိုင်ရန် ရေးသားဖော်ပြ လိုက်ရပါသည်။
ဦးမောင်ကြီး (စီးပွားရေးရာဝန်ကြီး၊ 
တနင်္သာရီတိုင်းဒေသကြီး)
ကျွန်တော်တို့    တိုင်းဒေသကြီးက ရေထွက်ကုန်ပစ္စည်းတွေနဲ့ ရေသယံဇာတ ပစ္စည်း ထုတ်ကုန်တွေကို ပြည်ပကိုတင်ပို့ဖို့ တိုင်းပြည်ရဲ့ နိုင်ငံခြားဝင်ငွေကို တစ်ဖက် တစ်လမ်းက   ရှာပေးနေတဲ့  တိုင်းဒေသ ကြီး   ဖြစ်ပါတယ်။     ဒီပြခန်းမှာ   သန္တာ ကျောက်တန်းတွေမှာပဲ တွေ့ရတဲ့ ရှားပါး ပြီး    အဖိုးတန်တဲ့ပစ္စည်းတွေ၊   ဇီဝဇိုး ငှက်သိုက်တွေ အကြောင်းသိကောင်းစရာ တွေ၊   ကန့်ဆော်ပင်၊   ကန့်ဆော်ဆီကို ပြသထားပါတယ်။ 
မြိတ်ဒေသထုတ်ကုန်ဖြစ်တဲ့ အော်ဂဲ နစ်အုန်းပျိုဆီကို Premium Grade နဲ့ ထုတ်လုပ်ပုံအဆင့်ဆင့်၊ တိုင်းဒေသကြီး မှာ အောင်မြင်ဖြစ်ထွန်းနေတဲ့  ပုစွန်ဖြူ မွေးမြူခြင်း၊    နိုင်ငံ့စီးပွား    မြှင့်တင်ရေး ရေလုပ်ငန်းထုတ်ကုန်တွေ၊     ရေငုပ် ကြေးခေါင်း၊ မြန်မာ့တောင်ပင်လယ်ပုလဲ ထုတ်လုပ်မှုပြကွက်တွေကို ပြသထားပါ တယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ သယံ ဇာတကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ဒီပြခန်းကို လာရောက်လေ့လာရင် သိနိုင် ပါတယ်။ ကျွန်တော်တို့တိုင်းဒေသကြီးရဲ့ပြခန်းကို လာရောက်လေ့လာဖို့ ဖိတ်ခေါ် ပါတယ်။
ဦးခင်ဇော် (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဆည်မြောင်းနှင့်   ရေအသုံးချမှုစီမံခန့်ခွဲ 
ရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် 
ဆည်မြောင်းဝန်ကြီးဌာန)
ဒီနှစ်  လွတ်လပ်ရေးနေ့က   စိန်ရတု နှစ်နဲ့  တိုက်ဆိုင်တဲ့အတွက်  ကျွန်တော် တို့နိုင်ငံရဲ့  နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြခန်းကတော့ ပြည်ထောင် စုနယ်မြေ နေပြည်တော်ကြီးစတင်ဖြစ်ပေါ် လာတဲ့ အနေအထား၊ ဘာသာ  သာသနာ ထွန်းကားလာမှု၊ ရေပေးဝေရေး တိုးတက် လာမှုတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြသထားပါတယ်။    ဆည်မြောင်းနှင့် ရေအသုံးချမှု    စီမံခန့်ခွဲရေးဦးစီးဌာနက နေပြည်တော်အတွင်းမှာရှိတဲ့ မြို့နယ်တွေ ကို စိုက်ပျိုးဖို့နဲ့ သောက်သုံးဖို့  ငလိုက် ရေလှောင်တမံရဲ့    ရေပေးဝေမှုစနစ်နဲ့ ပေးဝေတဲ့အခါမှာ    ရေအသုံးချသူများ အသင်းအဖွဲ့တွေက      ဘယ်လိုမျိုး လုပ်ဆောင်နေတယ်ဆိုတာကို ပြသထား ပါတယ်။  မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနကထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေ၊ နေပြည်တော်ကောင်စီအတွင်း မွေးမြူရေး လုပ်ငန်းတွေ   ဘယ်လောက်ထိ   ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ထားသလဲ ဆိုတာကို  စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြသထားပါတယ်။  စိုက်ပျိုးရေးဦးစီးဌာန က  တစ်နှစ်ကို သုံးသီးစိုက်ပျိုးနိုင်အောင် GAP ကို ဘယ်လိုတွေ စီမံဆောင်ရွက်ထား တယ် ဆိုတာကိုလည်း ပြသထားပါတယ်။ ရေအသုံးချမှု၊ မြေအသုံးချမှု၊ မြေဆီလွှာ အခြေအနေအရ လိုက်ဖက်တဲ့ သီးနှံတွေ ကို     ဘယ်လိုစိုက်ပျိုးရမယ်ဆိုတာကို စိတ်ဝင်စားဖွယ်     ဗဟုသုတဖြစ်အောင် ပြသထားပါတယ်။
ဦးအောင်မင်း (ဒုတိယညွှန်ကြားရေးမှူး၊ 
ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီး ဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)
ကျွန်တော်တို့ ပြခန်းမှာဆိုရင်  သတ္တု ရေးရာပြကွက်နဲ့ သစ်တောရေးရာပြကွက် အပြင် ခါကာဘိုရာဇီ ရေခဲတောင်ကနေ ရေခဲတွေပျော်ကြပြီး     စီးဆင်းနေတဲ့  ချောင်းငယ်ပုံစံ    ရေတံခွန်ပုံစံငယ်နဲ့ ပင်လယ်ကမ်းစပ်မှာရှိတဲ့ ဒီရေတောတွေ ကိုလည်း ပြသထားပါတယ်။ သတ္တုရေးရာ ပြကွက်မှာဆိုရင်   သတ္တုရေးရာဥပဒေနဲ့ နည်းဥပဒေတွေ၊ ကျောက်စိမ်း၊ ကျောက် မျက်၊ ပုလဲနဲ့ စက်မှုတွင်းထွက်ပစ္စည်းတွေ ကို ကိုင်တွယ်တဲ့ အမှတ်(၁) သတ္တုတွင်း လုပ်ငန်းရဲ့    စကျင်ကျောက်၊   ဂေါ်ရန် ကျောက်တို့ကို ကုန်ချောအဖြစ် ထုတ်လုပ် ထားတဲ့ ပစ္စည်းတွေကိုလည်း  ပြသထားပါ တယ်။  မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်တဲ့  ကြယ်လိပ်အစစ် အရှင်တွေကို လည်း ပြသထားပါတယ်။ ရေဆင်းမှာရှိတဲ့ သစ်တောနဲ့     ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ပုံစံငယ်၊ မြန်မာ့သစ်လုပ်ငန်းက သစ်ထုတ်လုပ်ရေးဌာနရဲ့ သစ်ဆိပ်ပုံစံငယ် နဲ့  ခဲမဖြူ၊  အဖြိုက်နက်သတ္တု  သန့်စင် ထုတ်လုပ်မှုလုပ်ငန်း     ပုံစံငယ်တွေကို လည်း   ပြသထားပါတယ်။   ပြခန်းကို လာရောက်လေ့လာမယ်ဆိုရင် ကျွန်တော် တို့ဝန်ကြီးဌာနမှာရှိတဲ့  ဦးစီးဌာနတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို သိရှိ နားလည်သွားမှာပါ။
ဦးခင်မောင်ထွေး (ဒုတိယညွှန်ကြား 
ရေးမှူး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့)
ပဲခူးတိုင်းဒေသကြီးရဲ့ ဂုဏ်ပြုယာဉ် ဦးခေါင်းပိုင်းမြေပုံမှာ အသစ်တိုးချဲ့ဖွဲ့စည်း ထားတဲ့  ခရိုင်နှစ်ခုကို ပြန်လည်ပြင်ဆင် ပြသထားပါတယ်။    တိုင်းဒေသကြီးရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့    ဟင်္သာ အဖိုနဲ့  အမ     တောင်ပံဖြန့်ပြီး   ပျံသန်း နေပုံကိုလည်း    ထည့်သွင်းပြသထားပါ တယ်။ သစ်တုံးကို ဆင်ဆွဲတဲ့ပြကွက်ဆိုရင် လည်း  အလှုပ်ကို    ပြသထားတဲ့အတွက်   ပဲခူးရိုးမကြီးကနေ  သစ်တောဝန်ထမ်းတွေ ရဲ့ သစ်ထုတ်လုပ်နေမှုကို သရုပ်ပေါ်လွင် အောင်  ပြသထားပါတယ်။  (၇၅)   နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ်ဂုဏ်ပြုယာဉ် ဖျော်ဖြေမှုမှာ ပဲခူး တိုင်းဒေသကြီးအနေနဲ့    ဒုတိယဆုကို ထိုက်ထိုက်တန်တန်ရရှိတဲ့အတွက်  တိုင်း ဒေသကြီးကိုယ်စား ဂုဏ်ယူဝမ်းမြောက် သလို    ဝန်ကြီးချုပ်ကြီးအတွက်လည်း ဝမ်းသာမိပါတယ်။ နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါတယ်။  
ဒေါ်ဌေးဌေးရီ (ပုသိမ်မြို့၊ 
ပြပွဲသို့ လာရောက်လည်ပတ်သူ)
ကျွန်မ    ဒီပြပွဲကို   မရောက်ဖူးလို့ လာရောက်လေ့လာတာ   ဖြစ်ပါတယ်။  မကွေးတိုင်းဒေသကြီးပြခန်း၊   စစ်ကိုင်း တိုင်းဒေသကြီးပြခန်း၊ မန္တလေးတိုင်းဒေသ ကြီးပြခန်းနဲ့ ရန်ကုန်တိုင်းဒေသကြီးက ပြခန်းတွေကိုလည်း သွားရောက်လေ့လာ ခဲ့ပါတယ်။ ပြခန်းတွေစုံတော့ လာရောက် လည်ပတ်သူတွေအတွက်    အသိပညာ ဗဟုသုတတွေလည်းရပါတယ်။   မြန်မာ နိုင်ငံအတွင်းမှာရှိတဲ့ အထင်ကရနေရာတွေ၊ တန်ခိုးကြီးဘုရားတွေကို    တစ်နေရာ တည်းတွေ့ရတော့   ဝမ်းသာမိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသား ရိုးရာ အစားအစာအရောင်းပြခန်းမှာဆိုရင် လည်း   တိုင်းဒေသကြီးထွက်ထုတ်ကုန် ပစ္စည်းတွေနဲ့  စားသောက်ကုန်ပစ္စည်း တွေကို    လာရောက်လည်ပတ်ကြတဲ့သူ တွေ အကြိုက်တွေ့စေမှာပါ။ အခုပြပွဲကို ကျင်းပပေးတဲ့     တာဝန်ရှိတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ 
တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်
 ဓာတ်ပုံ - ကိုကိုအေး