ပါကစ္စတန်တောင်ပိုင်း၌ မီးအကြီးအကျယ်လောင်မှုဖြစ်ပွား ကလေးငယ်များအပါအဝင် ကိုးဦးသေဆုံး 


 

 

အစ္စလမ္မာဘတ်    ဧပြီ    ၁၉ 
ပါကစ္စတန်တောင်ပိုင်း     ဒါဒူ ပြည်နယ်တွင်   အိမ်အလုံး   ၇၀ ကျော် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ကလေးငယ်များအပါအဝင် ကိုးဦး သေဆုံးခဲ့ပြီး လူအတော်များများ ဒဏ်ရာရရှိခဲ့ကြောင်း      ဒေသ ဆိုင်ရာ       အစီရင်ခံစာများတွင် ဖော်ပြထားသည်။ 
လေပြင်းတိုက်ခတ်မှုကြောင့် ရွာသားများ၏ မီးဖိုများမှ မီးများ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားပြီးနောက် ရွာသုံးရွာ၌   မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း အဆိုပါအစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။ 
ကျေးရွာ  ရွာသားများသည်   အိမ်ပြင်ဘက်   မီးဖိုများတွင် ထင်းမီးအသုံးပြုကာ   ချက်ပြုတ် စားသောက်ခဲ့ရာမှ     နေရာသုံးခုသို့       မီးကူးစက်         လောင်ကျွမ်းမှု    ဖြစ်ပွားခဲ့ကြောင်း        သိရသည်။    မီးအကြီးအကျယ်လောင်ကျွမ်းမှု ကြောင့်   အိမ်အလုံးပေါင်း    ၇၀  ကျော်     မီးဘေးသင့်ခဲ့သည်။ 
မီးလောင်      ကျွမ်းမှုကြောင့် သေဆုံးသူများတွင်    နေအိမ် အတွင်းအိပ်ပျော်နေသော ကလေး ငယ် ငါးဦးထက်မနည်း ပါဝင်ခဲ့ သည်။
ဒေသတွင်း စေတနာ့ဝန်ထမ်း များသည်       ကယ်ဆယ်ရေး လုပ်ငန်းများတွင်    တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ဒဏ်ရာရရှိသူများကို အနီးရှိ ဆေးရုံသို့ပို့ပေးခဲ့သည်။ 
ဆင်ဟွာ