
အစ္စလာမ္မာဘတ် ဇန်နဝါရီ ၃၁
ဇန်နဝါရီ ၃၀ ရက်က ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်း ခီဘာ ပတ်ခ်တွန်ခွာပြည်နယ်၏ မြို့တော် ပက်ရှာဝါမြို့ရှိ ဘာသာရေး အဆောက်အအုံတစ်လုံး၌ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူအရေအတွက် ၁၀၀ အထိ မြင့်တက်လာကြောင်း တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၃၁ ရက်တွင် ဆင်ဟွာသို့ ပြောသည်။
ထိခိုက်ဒဏ်ရသူအချို့ သေဆုံး မှုနှင့် အသေခံဗုံးခွဲပြီးနောက် ပြိုကျသွားသော အပျက်အစီးများ ကြားမှ သေဆုံးသူအလောင်းများ ထပ်မံတွေ့ရှိပြီးနောက် ထိုကဲ့သို့ သေဆုံးသူအရေအတွက် မြင့်တက် လာခြင်းဖြစ်ကြောင်း ပက်ရှာဝါမြို့ ၏ ဒုတိယရဲမင်းကြီး ရှာဖီလ် လာခန်းက ပြောသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၂၀၀ ကျော်ရှိခဲ့ပြီး ၅၃ ဦး မှာ ပက်ရှာဝါမြို့ရှိ Lady Reading ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူ လျက်ရှိသည်။
ဇန်နဝါရီ ၃၀ ရက် ဒေသ စံတော်ချိန် မွန်းလွဲပိုင်းက အသေခံ ဗုံးခွဲမှုဖြစ်ပွားခဲ့သော အချိန်တွင် လူပေါင်း ၃၅၀ ကျော် သည် ဝတ်ပြုဆုတောင်းခန်းမ၌ ရှိနေခဲ့ပြီး သေဆုံးသူအများစုမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ထိခိုက်ဒဏ်ရာ ရရှိပြီး စိုးရိမ်ရသောအခြေ အနေရှိသူ ခုနစ်ဦးခန့်နှင့် အချို့ မှာ အပျက်အစီးများအောက်တွင် ရှိနေသေးသောကြောင့် သေဆုံးသူ အရေအတွက် ထပ်မံမြင့်တက် လာနိုင်ကြောင်း ရှာဖီလ်လာခန်း က ပြောသည်။ အဆိုပါ အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ပါကစ္စတန်သမ္မတ အရစ်ဖ်အလ်ဗီ၊ ဝန်ကြီးချုပ် ရှာဘတ်ဇ်ရာရစ်ဖ် နှင့် အစ္စလာ မာဘတ်ရှိ တရုတ် သံရုံးတို့က ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။
ဆင်ဟွာ