
အစ္စလမ္မာဘတ် စက်တင်ဘာ ၇
ပါကစ္စတန်နိုင်ငံ ဒေသအသီးသီးမှ ဩဂုတ်လ အတွင်း စုဆောင်းရရှိသော နမူနာလေးခုတွင် တောရိုင်း ပိုလီယိုဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရ ကြောင်း ပါကစ္စတန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့နှင့် တောင်ပိုင်းဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် ကရာချိမြို့ ပတ်ဝန်းကျင်များမှ တောရိုင်းပိုလီယိုဗိုင်းရပ်စ် ရောဂါနမူနာများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဝန်ကြီး ဌာနက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရှာဟင်းမူဆလင်မြို့မှ မိလ္လာနမူနာကို သြဂုတ် ၁၇ ရက်တွင် လည်းကောင်း၊ ပက်ရှ်ဝါမြို့ နာရေး ကူဝါဧရိယာရှိ ချောင်းလက်တက်နှစ်ခုမှ နမူနာ နှစ်ခုကို သြဂုတ် ၂၂ ရက်တွင် လည်းကောင်း၊ ကရာ ချိဒေသ၌ သြဂုတ် ၁၇ ရက်တွင်လည်းကောင်း ရောဂါပိုးနမူနာများ စုဆောင်းရရှိခဲ့ကြောင်း၊ ထို့ကြောင့် ပက်ရှ်ဝါနှင့် ကရာချိတို့တွင် ငါးနှစ် အောက်ကလေးငယ်များအား သြဂုတ် ၇ ရက်မှ သြဂုတ် ၁၃ ရက်အထိ ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပါကစ္စတန်နိုင်ငံ ဒေသအသီးသီးမှ ယခုချိန် အထိ နမူနာ ၂၁ ခုကို စုဆောင်းရရှိခဲ့ပြီး ကလေး နှစ်ဦးသည် ယခုနှစ်အတွင်း တောရိုင်းပိုလီယိုကြောင့် အကြောသေသွားကြောင်း ပါကစ္စတန်ကျန်းမာရေး ဝန်ကြီးဌာနမှ အတည်ပြုထားသည်။
ဆင်ဟွာ