
အစ္စလာမ္မာဘတ် အောက်တိုဘာ ၇
ပါကစ္စတန်နိုင်ငံ၌ ဇွန်လလယ်မှ စကာ မုတ်သုံမိုးရာသီအတွင်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၇၀၀ အထိတိုးလာပြီး ဒဏ်ရာ ရရှိသူ ၁၂၈၆၇ ဦး ရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ)က အောက်တို ဘာ ၆ ရက် ညပိုင်းက ပြောကြား သည်။
နိုင်ငံအတွင်း မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် ဖြစ်စဉ်များကြောင့် ကလေး ၆၃၂ ဦးနှင့် အမျိုးသမီး ၃၄၀ သေဆုံးကြောင်း အင်န်ဒီအမ် အေက ထုတ်ပြန်ထားသည်။ နိုင်ငံ တောင်ပိုင်း ရေကြီးမှုအဆိုးရွားဆုံး ကြုံတွေ့ရသည့် ဆင်းပြည်နယ် တွင် သေဆုံးသူ ၇၆၃ ဦး ရှိပြီး အနောက်တောင်ပိုင်း ဘလိုချီ စတန်ပြည်နယ်၌ သေဆုံးသူ ၃၃၆ ဦး၊ အနောက်မြောက်ပိုင်း ကိုင်းဘာ ပါ့ခ်တွန်ခွာပြည်နယ်၌ သေဆုံးသူ ၃၀၈ ဦးနှင့် အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၌ သေဆုံးသူ ၂၂၁ ဦးတို့ရှိကြောင်း သိရသည်။
ထို့ပြင် ပါကစ္စတန်နိုင်ငံ၌ မိုးရာသီအတွင်း အိမ်ခြေ ၂၀၄၈၇၈၉ လုံး ပျက်စီးခဲ့ပြီး တိရစ္ဆာန်ကောင် ရေ ၁၁၆၃၂၃၇ ကောင်သေဆုံး ခဲ့ကြောင်း အင်န်ဒီအမ်အေက ပြောကြားသည်။
ဆင်ဟွာ