ပါကစ္စတန်နိုင်ငံ၌ ရေကြီးမှုကြောင့် ၁၅ ဦးသေဆုံး

 

အစ္စလာမ္မာဘတ် အောက်တိုဘာ၁


ပါကစ္စတန်နိုင်ငံ၌   စက်တင်ဘာ ၃၀     ရက်က    မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွားခဲ့ပြီးနောက်  လူ ၁၅  ဦးထက်မနည်း  သေဆုံးခဲ့သည် ဟု အမျိုးသားသဘာဝဘေးစီမံ ခန့်ခွဲမှု  အာဏာပိုင်အဖွဲ့က  ပြော ကြားသည်။ ရေကြီးမှုနှင့်ဆက်စပ် ၍ သေဆုံးသူများထဲတွင် ကလေး ၁၁ ဦးနှင့် အမျိုးသမီး  လေးဦး ပါဝင်ကြောင်း အမျိုးသားသဘာဝ ဘေးစီမံခန့်ခွဲမှု       အာဏာပိုင် အဖွဲ့၏    အစီရင်ခံစာအရ   သိရ သည်။ 

 


ဘာလိုချီစတန်    ပြည်နယ် အနောက်တောင်ပိုင်းနှင့်  ပန်ဂျပ် ပြည်နယ်တို့တွင်လည်း သေဆုံး သူ   ငါးဦးစီရှိသည်ဟု   သိရသည်။ ပါကစ္စတန်နိုင်ငံ၌      ယခုနှစ် မုတ်သုံကာလတွင်   ရေကြီးမှုနှင့် မိုးသည်းထန်စွာ    ရွာသွန်းမှုတို့ ကြောင့်      သေဆုံးသူဦးရေမှာ ၁၆၉၃    ဦး    ရှိပြီး   ဒဏ်ရာရရှိသူ ဦးရေမှာ   ၁၂၈၆၅   ဦးရှိသည်ဟု အမျိုးသားသဘာဝဘေးစီမံခန့်ခွဲ မှု  အာဏာပိုင်အဖွဲ့ က ပြောသည်။

 


ထို့ပြင် မိုးသည်းထန်စွာ ရွာ သွန်းမှုကြောင့်    နိုင်ငံတစ်ဝန်းရှိ    နေအိမ်ပေါင်း  ၂၀၄၅၃၄၉   လုံး  ပျက်စီးခဲ့ရပြီး      မွေးမြူရေးခြံ အများအပြား     ပျက်စီးခဲ့ရသည်။       ရေကြီးမှုကြောင့်   ပျက်စီးဆုံးရှုံးခဲ့ ရသည့်    တံတားအစင်း   အရေ အတွက်မှာ   ၄၁၀  အထိရှိသည်ဟု သိရသည်။              

      
ဆင်ဟွာ