ပါကစ္စတန်နိုင်ငံ၌ နောက်တွဲယာဉ်နှင့် အဝေးပြေးဇိမ်ခံဘတ်စ်ကားတိုက်မိရာ ၁၈ ဦး သေဆုံး

 

အစ္စလာမ္မာဘတ် ဖေဖော်ဝါရီ ၃
ပါကစ္စတန်နိုင်ငံ    အနောက် မြောက်ပိုင်း ကိုင်ဘာ ပါ့တွန်ခွာဝါ ပြည်နယ်တွင် ဖေဖော်ဝါရီ ၂ ရက် ညက ခရီးသည်တင် အဝေးပြေး ဇိမ်ခံဘတ်စ်ကားမှာ   နောက်တွဲ ယာဉ်နှင့်   တိုက်မိမှုဖြစ်ပွားခြင်း ကြောင့်  လူ  ၁၈  ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း        ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ ယာဉ်မတော်တဆမှုမှာ ကိုဟတ်ခရိုင် အင်ဒက်စ် အဝေးပြေး လမ်းမပေါ်ရှိ  ကိုဟတ်  ဥမင်အနီး တွင်  ဖေဖော်ဝါရီ   ၂   ရက် ည နှောင်းပိုင်းက     ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။   ခရီးသည်တင်အဝေး ပြေး         ဇိမ်ခံဘတ်စ်ကားမှာ ဆန့်ကျင်ဘက်မှ     လာသည့် နောက်တွဲယာဉ်နှင့် တိုက်မိခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။
ယာဉ်မတော်တဆမှု ဖြစ်ပွား ပြီးနောက်  ကယ်ဆယ်ရေးအဖွဲ့ များနှင့်          ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး       ဒဏ်ရာရရှိသူ များကို အနီးရှိဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ပါကစ္စတန်နိုင်ငံ၌    အဓိက အားဖြင့်  လမ်းများမကောင်းခြင်း နှင့်    ယာဉ်ကို   မကျွမ်းကျင်ဘဲ မောင်းနှင်ခြင်းတို့ကြောင့်   ယာဉ် မတော်တဆမှုများ   မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း       သိရ သည်။ 
ဆင်ဟွာ