
အစ္စလာမ္မာဘတ် စက်တင်ဘာ ၂၄
ပါကစ္စတန်နိုင်ငံ၌ ဇွန်လလယ်မှ စတင်ကာ မုတ်သုံမိုးရွာသွန်းမှုနှင့် အတူ ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်စဉ်များက လက်ရှိအချိန်အထိ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ လွန်ခဲ့သော ၂၄ နာရီအတွင်းတွင် လည်း မိုးရွာသွန်းမှုနှင့် ဆက်စပ် သည့် ဖြစ်စဉ်များကြောင့် ၁၀ ဦး ထက်မနည်း သေဆုံးကြောင်း အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲ မှု အာဏာပိုင်အဖွဲ့ (အင်န်ဒီအမ် အေ) က ပြောသည်။
အဆိုပါ သေဆုံးသူများထဲတွင် ကလေးငယ် လေးဦးနှင့် အမျိုး သမီး နှစ်ဦး ပါဝင်ကြောင်း၊ ရုတ်တရက် ရေကြီးရေလျှံမှုဒဏ် ကို အပြင်းထန်ဆုံး ထိခိုက်ခံစား ရသည့် နိုင်ငံအနောက်တောင်ပိုင်း ဘာလူချီစတန် ပြည်နယ်၌ သေဆုံးသူ ခြောက်ဦး ပါဝင်ပြီး တောင်ပိုင်း ဆင်းဒ်ပြည်နယ်မှ လေးဦး ပါဝင်ကြောင်း သိရ သည်။
အဆိုပါ ဖြစ်စဉ်များကြောင့် ပါကစ္စတန်နိုင်ငံ၌ သေဆုံးသူ စုစုပေါင်း ၁၆၀၆ ဦးခန့်အထိ ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်လည်း ၁၂၈၆၃ ဦး အထိ ရှိလာပြီဖြစ်ကြောင်း၊ ထို့အပြင် ပါကစ္စတန်နိုင်ငံတစ်ဝန်း အိုးအိမ် ၂၀၁၆၀၂၅ လုံး ထိခိုက် ပျက်စီးမှုဖြစ်ပြီး မွေးမြူရေး တိရစ္ဆာန် ၁၀၆၇၂၄၁ ကောင် လည်း သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း အင်န်ဒီအမ်အေက ပြောသည်။
အင်န်ဒီအမ်အေမှ ကယ်ဆယ် ရေးအဖွဲ့များ၊ အခြားအစိုးရအဖွဲ့ အစည်းများ၊ စေတနာ့ဝန်ထမ်းများ နှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများသည် ရေဘေးသင့် ဒေသများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။
ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် မူဟာမက် ရှက်ဘတ်ဇ် ရှာရစ်ဖ် သည် ရုတ်တရက် ရေကြီးရေလျှံမှု ၏ နောက်ဆက်တွဲအကျိုးဆက် များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် နိုင်ငံတကာ၏ ကူညီပံ့ပိုး မှုများကို တောင်းဆိုထားကြောင်း သိရသည်။
ဆင်ဟွာ