
အစ္စလာမ္မာဘတ် စက်တင်ဘာ ၁၃
ပါကစ္စတန်နိုင်ငံ၌ ယခုနှစ် မုတ်သုံ မိုးရာသီ ဇွန်လလယ်နောက်ပိုင်း မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် ဖြစ်စဉ်များကြောင့် လက်ရှိအချိန် အထိ သေဆုံးသူ စုစုပေါင်း ၁၄၂၇ ဦးခန့်ရှိလာပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အရေအတွက်သည်လည်း ၁၂၇၄၂ ဦးအထိ ရှိလာပြီဖြစ် ကြောင်း အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင် (အင်န်ဒီ အမ်အေ) က စက်တင်ဘာ ၁၂ ရက် တွင် ပြောသည်။
အင်န်ဒီအမ်အေ၏ ထုတ်ပြန် ချက်အရ ပါကစ္စတန်နိုင်ငံတွင် မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် ဖြစ်စဉ်များကြောင့် အဆိုပါ သေဆုံးသူများထဲတွင် ကလေး ငယ် ၅၁၀ နှင့် အမျိုးသမီး ၂၈၇ ဦး ပါဝင်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက် သေဆုံးမှု အဆိုးရွားဆုံးခံရသည့် ပြည်နယ်သည် နိုင်ငံတောင်ပိုင်းမှ ဆင်းဒ်ပြည်နယ်ဖြစ်ပြီး သေဆုံးသူ ၅၉၄ ဦး အထိရှိကြောင်း သိရ သည်။ ထို့နောက်တွင် နိုင်ငံ အနောက်မြောက်ပိုင်း ခီဘာပါ့ခ် တွန်ကွာနှင့် အနောက်တောင်ပိုင်း ဘာလိုချီစတိန်ပြည်နယ်တို့သည် သေဆုံးသူ ၃၀၃ ဦးနှင့် ၂၇၀ ဖြင့် အများဆုံးဖြစ်သည်။
ထို့အပြင် အဆိုပါထုတ်ပြန် ချက်၌ ရေကြီး ရေလျှံမှုဖြစ်စဉ် ကြောင့် အိုးအိမ်စုစုပေါင်း ၁၇၅၀၈၂၈ လုံး ထိခိုက်ပျက်စီး ခဲ့သည့်အပြင် မွေးမြူရေး တိရစ္ဆာန် ၈၈၃၂၆၈ ကောင်လည်း ထိခိုက်သေဆုံးခဲ့ကြောင်း ဖော်ပြ ထားသည်။ ပါကစ္စတန်နိုင်ငံ၌ လက်ရှိအချိန်အထိ ရေကြီးရေလျှံ မှုကြောင့် ကယ်ဆယ်ရေးစခန်း များတွင် ခိုလှုံသူ စုစုပေါင်း ၅၄၁၀၄၀ ရှိ ပြီး ၁၇၉၂၈၁ ဦးခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ