အစ္စလာမ္မာဘတ် မေ ၁၈
ပါကစ္စတန်နိုင်ငံ၌ အသက် ငါးနှစ်အောက် ကလေး ၁၉ သန်း ခန့်ကို ကာကွယ်ဆေးတိုက်ကျွေးရန် ရည်ရွယ်၍ ခရိုင် ၇၉ ခုတွင် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေးလှုပ်ရှားမှုကို မေ ၁၈ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ပိုလီယိုပပျောက်ရေး အမျိုး သား အရေးပေါ်ခွဲစိတ်ကုသခြင်း စင်တာက မေ ၁၈ ရက်မှ ၂၄ ရက် အထိ လုပ်ဆောင်မည့် ရက်သတ္တ တစ်ပတ်ကြာလှုပ်ရှားမှုကို သတ်မှတ်ထားသည့် ဒေသများအတွင်း အိမ်တိုင်ရာရောက် ပိုလီယို ကာကွယ်ဆေးတိုက်ကျွေးရန် ဝန်ထမ်း ၁၆၀၀၀၀ ကျော်နှင့်အတူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးတိုက် ကျွေးရေးလှုပ်ရှားမှုမှာ နိုင်ငံအတွင်း ဗိုင်းရပ်စ်ပပျောက်ရေး ကြိုးပမ်းမှု၏ တစ်စိတ် တစ်ပိုင်းအဖြစ် မြို့တော်အစ္စလာမ္မာဘတ်အပြင် ပြည်နယ်လေးခုတို့တွင် ကလေးများကို ကာကွယ်ဆေး တိုက်ကျွေး သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ