ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၀၁၂ ဦး ထပ်မံတွေ့ရှိ

အစ္စလာမ္မာဘတ်  စက်တင်ဘာ ၁၆


ပါကစ္စတန်နိုင်ငံ၌ လွန်ခဲ့သောတစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ ၃၀၁၂ ဦးကို ထပ်မံတွေ့ရှိရသဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၂၁၅၈၂၁ ဦးရှိလာကြောင်း ပါကစ္စတန်နိုင်ငံ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီမံခန့်ခွဲရေးစင်တာက ယနေ့ပြောကြားသည်။ 


အလားတူ လွန်ခဲ့သောတစ်ရက်အတွင်း ၃၈၉၇ ဦးမှာ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်သက်သာလာခဲ့သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်သက်သာလာ သူပေါင်း ၁၁၁၂၂၃၆ ဦးရှိလာကြောင်း အဆိုပါစင်တာမှ ပြောကြားသည်။ 


ထို့ပြင် လွန်ခဲ့သောတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်  ၆၆ ဦး ထပ်မံ သေဆုံးသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၇၀၀၄ ဦး   ရှိလာကြောင်း   သိရသည်။ နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အများဆုံး ဖြစ်ကာ ရောဂါကူးစက်ခံရသူ ၄၄၇၆၇၈ ဦးရှိပြီး နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၁၈၁၉၆ ဦးရှိသည်။


 နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်အထိ ၂၃၂၄၁၂၅၇ ဦးအား   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးစီးကြောင်း သိရသည်။ နိုင်ငံအတွင်း    ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်  အခက်အခဲများရှိနေကြောင်းနှင့် နိုင်ငံအတွင်း လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ   ကျန်းမာရေးစည်းမျဉ်းများကို    ချမှတ်ထားရဆဲဖြစ်ကြောင်း   ဝန်ကြီးချုပ်၏ ကျန်းမာရေးလုပ်ငန်းဆိုင်ရာလက်ထောက်ဖြစ်သူ ဖေဇယ်ဆူလ်တန်က ပြောကြားသည်။    

        
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ