ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုး

ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုး

==================================================================

 

ရန်ကုန် ဒီဇင်ဘာ ၁၄

 

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် သည် ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Mr. Mir Zafarullah Khan Jamali ကွယ်လွန်သွားသည့် အတွက် ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်း အမှတ်(အေ-၄)သံတမန်ရပ်ကွက်ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန်နိုင်ငံသံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်း အထိမ်းအမှတ်စာအုပ်၌ လက်မှတ်ရေးထိုး သည်။

 

၁၅ ဦးမြောက် ဝန်ကြီးချုပ်

 

ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းသည် ၂၀၀၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ပါကစ္စတန်နိုင်ငံ၏ ၁၅ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုကွယ်လွန် ချိန်တွင် အသက် ၇၆ နှစ်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်