ပါကစ္စတန်နိုင်ငံ၏ နိုင်ငံပိုင်အဆောက်အအုံများတွင် ဆိုလာဓာတ်အားပေးစနစ် ပြောင်းလဲသုံးစွဲသွားမည်

 

အစ္စလာမ္မာဘတ်  ဇူလိုင်   ၃


ပါကစ္စတန်နိုင်ငံ၏  နေရောင်ခြည် စွမ်းအင်ဆိုင်ရာ လုပ်ငန်းအဖွဲ့က မြို့တော်အစ္စလာမ္မာဘတ်ရှိ နိုင်ငံပိုင်  အဆောက်အအုံများအားလုံးတွင်   နေရောင်ခြည်စွမ်းအင်စနစ် ပြောင်းလဲ      အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး   မာရီယွန် အော်ရန်ဇစ်ဘ်က ပြောသည်။

 


အလုပ်အဖွဲ့သည် နိုင်ငံအတွင်း  နေရောင်ခြည်စွမ်းအင်   တိုးမြှင့် ထုတ်လုပ်ရေးဆိုင်ရာ  ဆောင်ရွက် မှု အမျိုးမျိုးကို ပြန်လည်သုံးသပ် သည့်   အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး      အစိုးရအနေဖြင့် အစိမ်းရောင်     စွမ်းအင်ရရှိရေး လုပ်ငန်းစဉ်များကို လွယ်ကူ ချောမွေ့စေရေးအတွက် လက်တွေ့ ကျသော        ခြေလှမ်းများကို လုပ်ဆောင်နေပြီ    ဖြစ်ကြောင်း၊ ယမန်နှစ်က   ဆိုလာမှ   လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏ  ၆၀၀ မဂ္ဂါဝပ်ရှိခဲ့ပြီး ထပ်မံတိုးမြှင့်မည့်        ခြေလှမ်းသစ်များကိုလည်း  လုပ်ဆောင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးက ဆိုသည်။

 


စွမ်းအင်ချွေတာရေးနှင့် အစိမ်း ရောင်စွမ်းအင်ကဏ္ဍ မြှင့်တင်ရေး မူဝါဒတစ်ရပ်အဖြစ်   လျှပ်စစ်မီး အထောက်အပံ့   ရရှိပြီးဖြစ်သည့် နေရာများတွင်လည်း  နေရောင်ခြည်စွမ်းအင်စနစ်    ပြောင်းလဲ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နေရောင်ခြည်စွမ်းအင် အသုံးပြုမှုစနစ်သို့ ကူးပြောင်းရာတွင်   အသေးစားလုပ်ငန်းများအတွက်   သက်သာသည့်ချေးငွေများလည်း  ပေးအပ်သွားမည်ဖြစ်ကြောင်း    ပြန်ကြားရေးဝန်ကြီးဖြစ်သူ မာရီယွန် အော်ရန်ဇစ်ဘ်က ပြောကြားသည်။  

       
   ဆင်ဟွာ