ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ရထားမီးလောင်မှုကြောင့် နှစ်ဦးသေဆုံးပြီး လေးဦးပျောက်ဆုံး

 

အစ္စလာမ်မာဘတ်   ဧပြီ   ၂၇


ပါကစ္စတန်နိုင်ငံ         တောင်ပိုင်း ဆင်းဒ်ပြည်နယ်၌ ဧပြီ ၂၇ ရက် က ခရီးသည်တင်ရထား မီးလောင် မှုကြောင့်       နှစ်ဦးသေဆုံးကာ လေးဦး     ပျောက်ဆုံးနေဆဲဖြစ် သည်ဟု   ပါကစ္စတန်   မီးရထား ဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ကရာချိအမြန်ရထား    ရိုးရိုးတန်း တွင်    မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

 


အဆိုပါရထားသည်   ဆင်းဒ် ပြည်နယ်   ကရာချိမြို့မှ   ပန်ဂျပ် ပြည်နယ်အရှေ့ပိုင်းသို့     ဦးတည် ခုတ်မောင်းလာပြီး နံနက် ၁၂ နာရီ မိနစ် ၃၀   တွင်    မီးလောင်ခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုကို ရှောင်ကွင်း ရန်အတွက်   အသက် ၄၀ အရွယ် အမျိုးသမီးကြီးတစ်ဦးမှာ ရထား ပေါ်မှ  ခုန်ချခဲ့ရာမှ  သေဆုံးခဲ့ခြင်း ဖြစ်သည်။     နောက်တစ်ဦးမှာ မည်သို့သေဆုံးရသည်ကို  မသိရ သေးပေ။

 


ရထားမီးလောင်မှုကို   မိနစ် လေးဆယ်ကြာ       ငြှိမ်းသတ်ခဲ့ရ ပြီး  နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရထားပြန်ထွက်နိုင်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်အတွက်    စုံစမ်းစစ်ဆေး မှု      လုပ်ဆောင်လျက်ရှိသည်။ ပါကစ္စတန်   မီးရထားအဖွဲ့ချုပ်ရုံး မှ     အထူးအဖွဲ့သည်   အဆိုပါ မီးလောင်မှုကို        စုံစမ်းလျက် ရှိသည်ဟု ကြေညာချက် ထုတ်ပြန် ခဲ့သည်။
 

ဆင်ဟွာ