
အစ္စလာမ္မာဘတ် မတ် ၂၅
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာ ပါ့တွန်ခဝါပြည်နယ်၌ မိုးရွာသွန်းမှုဖြစ်စဉ်များ ကြောင့် လေးဦးထက်မနည်း သေဆုံးပြီး အခြား ၁၇ ဦး ဒဏ်ရာရရှိကြောင်း ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (ပီဒီအမ်အေ)က မတ် ၂၅ ရက်တွင် ပြောကြားသည်။
လွန်ခဲ့သည့် ၂၄ နာရီကျော်က ပြည်နယ်၏ ဒေသအသီးသီးတွင် မိုးရွာသွန်းမှုဖြစ်ပွားပြီး အမိုးပြိုကျမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူအများစုမှာ အမျိုးသမီးနှင့် ကလေးများ ဖြစ်ကြောင်း ပီဒီအမ်အေက ထုတ်ပြန်ချက်တွင် ပြောကြားသည်။
မာဒန်ခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် အိမ်ခေါင်မိုးပြိုကျမှုဖြစ်ပွားရာ နှစ်ဦးသေဆုံး ပြီး အခြားအများအပြား ဒဏ်ရာရရှိကြောင်း၊ အခြား သေဆုံးသူ နှစ်ဦးမှာ ပက်ရှဝါမြို့နှင့် တောင်ဝါဇီရီစတန် ခရိုင်တွင် တစ်ဦးစီတို့ဖြစ်ကြောင်းနှင့် ပြည်နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် နေအိမ် ခြောက်လုံးထက်မနည်း တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျက်စီးခဲ့ကြောင်း ပီဒီအမ်အေက ပြောကြားသည်။
ဆင်ဟွာ