အစ္စလာမ္မာဘတ် ဖေဖော်ဝါရီ ၇
ပါကစ္စတန်နိုင်ငံ၌ အထွေထွေရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလိုတွင် ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြီး နှစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။ 
ဖေဖော်ဝါရီ  ၇  ရက်က     နိုင်ငံအနောက် တောင်ပိုင်းရှိ ကိုယ်စားလှယ်လောင်းများရုံးအနီးတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ ၂၄ ဦးထက်မနည်း သေဆုံးခဲ့သည်။    မဲပေးမှုကို      နှောင့်ယှက်ဟန့်တား ရန်အတွက် အကြမ်းဖက်သမားများက   တိုက်ခိုက် ခြင်းဖြစ်သည်ဟု     အာဏာပိုင်များက   ယူဆကြ သည်။ 
အနောက်တောင်ပိုင်းပြည်နယ်    ဘလိုချစ် စတန်တွင်  ပေါက်ကွဲမှုနှစ်ခုစလုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။    တစ်ခုမှာ       ပြည်တွင်းလွှတ်တော် ကိုယ်စားလှယ်လောင်းများရုံးအနီးတွင်     ဖြစ်ပွားခဲ့ ပြီး  ၁၂ ဦး သေဆုံးကာ ၂၄  ဦး  ဒဏ်ရာရရှိခဲ့သည်။ နောက်ထပ်ပေါက်ကွဲမှုတစ်ခုမှာလည်း ရွေးကောက် ပွဲဝင်     ကိုယ်စားလှယ်လောင်းများရုံးအနီးတွင် ဖြစ်ပွားခဲ့ပြီး ၁၂ ဦး သေဆုံးခဲ့သည်။ 
အထွေထွေရွေးကောက်ပွဲနှင့်          ဒေသန္တရ ရွေးကောက်ပွဲများအတွက်  ရွေးကောက်ပွဲမကျင်းပ မီ တစ်ရက်အလိုတွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။  ကိုယ်စားလှယ်လောင်းများကို ပစ်မှတ် ထားကာ     တိုက်ခိုက်မှုများ    ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 
အင်န်အိတ်ချ်ကေ 
 
      


