ပါကစ္စတန်၌ ဖြစ်ပွားခဲ့သည့်အကြမ်းဖက်တိုက်ခိုက်မှုများကို ကုလအကြီးအကဲ ရှုတ်ချ

 

ဂျီနီဗာ    စက်တင်ဘာ    ၃၀


ပါကစ္စတန်၌      ဖြစ်ပွားခဲ့သည့်အကြမ်းဖက်တိုက်ခိုက်မှု     နှစ်ခုကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က ရှုတ်ချခဲ့သည်။ 


ပါကစ္စတန်တွင်   ဖြစ်ပွားခဲ့သည့်  အကြမ်းဖက်တိုက်ခိုက်မှုနှစ်ခု ကြောင့် လူပေါင်း ၅၀ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ ယင်းဖြစ်ရပ်ကို ရှုတ်ချကြောင်း  ကုလအကြီးအကဲ၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖင် ဒူဂျာရက် က ပြောသည်။ 


ပေါက်ကွဲမှုတစ်ခုမှာ    ပါကစ္စတန်အနောက်တောင်ပိုင်း   ဘလို ချီစတန်ပြည်နယ်၌    ပြုလုပ်သည့်   ဘာသာရေးအခမ်းအနားတစ်ခု တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၅၀ ကျော် သေဆုံးကာ ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု    ပါကစ္စတန်ရဲများနှင့်    ကျန်းမာရေးအရာရှိများက ပြောသည်။  ဘာသာရေးအဆောက်အအုံအနီး  အသေခံဖောက်ခွဲမှု ကြောင့် သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။  


စက်တင်ဘာ ၂၉ ရက်ကလည်း အနောက်မြောက်ပိုင်းပြည်နယ် ခိုင်ဘာပတ်ထွန်ခဝါပြည်နယ်၌  ဘာသာရေးအဆောက်အအုံတွင် အသေခံဖောက်ခွဲမှုကြောင့် ငါးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ သည်။                                                  

ဆင်ဟွာ