
ဘလူချီစတန် ဇူလိုင် ၂၈
ပါကစ္စတန်နိုင်ငံရှိ ပြည်သူများ သည် မုတ်သုံမိုးရွာသွန်းမှုများမှ တစ်ဆင့် ရေကြီးမှုဒဏ်ကို သီတင်းပတ်အတော်ကြာ ခံစားခဲ့ ရသည်။
ဇွန်လလယ်မှစကာ သေဆုံး သူပေါင်းမှာ ၃၃၀ ထက် ကျော်လွန် လာပြီဖြစ်သည်။
နိုင်ငံ အနောက်တောင်ပိုင်း ဘလူချီစတန် ပြည်နယ်၏ ရေကြီးမှုဖြစ်ပွားရာ ဒေသများတွင် နေထိုင်သူများသည် ရေလွှမ်းမိုး နစ်မြုပ်နေသော လမ်းများပေါ် အတန်းလိုက် လျှောက်ခြင်းအား ဖြင့် ရေဘေးမှလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။
သီတင်းပတ်ပေါင်း များစွာ ကြာအောင် ရွာသွန်းခဲ့သော မုတ်သုံမိုးက နိုင်ငံတွင်းရှိ လမ်း များ၊ တံတားများနှင့် အိမ်ခြေ ၈၀၀၀ ကျော်ကို ပျက်စီးစေခဲ့သည်။
လတ်တလောတွင် ပါကစ္စတန် နိုင်ငံသည် မုတ်သုံရာသီအလယ်သို့ ရောက်ရှိနေပြီဖြစ်သည်။
နိုင်ငံအတွင်းရှိ ဒေသအတော် များများ ယခုနှစ်တွင် သာမန် မိုးရွာသွန်းမှုထက်ပိုသည့် မိုးရေ ချိန်ကို ကြုံတွေ့ရမည်ဖြစ် သည်။
ရာသီဥတု ပြောင်းလဲခြင်း အပေါ် အစိုးရအရာရှိများက ပြစ်တင်ခဲ့သည်။ အစိုးရအရာရှိများ က ရေလွှမ်းသည့်ဒေသများတွင် နေထိုင်သူများကို မိုးလေဝသ သတင်း အချက်အလက်များကို အမြဲဂရုပြုကြရန်နှင့် ဘေးကင်း စိတ်ချရသည့် နေရာများသို့ ပြောင်းရွှေ့ရန် တိုက်တွန်းထား သည်။
မိုးရွာသွန်းမှုကြောင့် ရေထု ညစ်ညမ်းမှုဖြစ်ပေါ်လာပြီး ထိုမှ တစ်ဆင့် ဝမ်းရောဂါကူးစက်ပျံ့နှံ့မည့်အရေးကို စိုးရိမ်လျက်ရှိ သည်။
အင်န်အိတ်ချ်ကေ