ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် ကြီးမားသော မြေပြိုမှုဖြစ်ပွား၊ လူ သုံးဦးသေဆုံး

 

အစ္စလမ္မာဘတ်   ဧပြီ   ၁၉ 
ပါကစ္စတန် အနောက်မြောက် ပိုင်းတွင် ကြီးမားသော မြေပြိုမှု တစ်ခုက အဓိကအရေးပါသော  အဝေးပြေးလမ်းတစ်ခုကို ဧပြီ ၁၈ ရက် အစောပိုင်းက ပိတ်ဆို့မှု ဖြစ်စေခဲ့ပြီးနောက်        ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ   ဖြစ်စဉ်ကြောင့်  ကုန်တင်ကား           ဒါဇင်ကျော် မြေများ  ဖုံးလွှမ်းသွားခဲ့ပြီး  လူ  သုံးဦး သေဆုံးခဲ့သည်။ 
ပါကစ္စတန်နှင့်     အာဖဂန် နစ္စတန်အကြား အဓိကအရေးပါ သော ကုန်သွယ်ရေးလမ်းပေါ်ရှိ  တော့ခ်ခန် နယ်စပ်ဖြတ်ကျော် နေရာ၌  ဖြစ်ပွားခဲ့သော  အဆိုပါ မြေပြိုမှုတွင် အသက်ရှင်ကျန်ရစ် သူများကို   ကယ်ဆယ်ရေးသမား များက ရှာဖွေလျက်ရှိသည်။
အဆိုပါ     မြေပြိုမှုကြောင့်  လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ ကြောင်း      အာဏာပိုင်များက ပြောသည်။ 
မြေပြိုမှုသည် ဧပြီ ၁၈ ရက်  ဒေသစံတော်ချိန် နံနက် နှစ်နာရီ က    ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  ကုန်တင်ကားမောင်းသမားတစ်ဦး က ပြောသည်။ မြေပြိုမှုဖြစ်ပွား ချိန်၌ မိုးရွာသွန်းလျက်ရှိသည်။  ကုန်အပြည့်      တင်ထားသော ကုန်တင်ကားများနှင့် မော်တော် ယာဉ်များပေါ်တွင်      လူများ ကျန်ရှိသေးကြောင်း     ၎င်းက ဆက်ပြောသည်။ 
မြေပြိုမှုက    သဘာဝဘေး  အန္တရာယ် ဖြစ်ပွားရာနေရာသို့  သွားသော လမ်းမကြီးကိုလည်း ပိတ်မိစေခဲ့ကြောင်း       ဒေသ အာဏာပိုင်များက ပြောသည်။ ထို့ကြောင့်   သွားလာမှု  ခက်ခဲ ခြင်းများကို ဖြစ်ပေါ်စေကြောင်း ၎င်းတို့က ဆက်ပြောသည်။ 
အင်န်အိတ်ချ်ကေ