
အစ္စလာမ္မာဘတ် မတ် ၉
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပတ်တွန်ခါဝါပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း အပြင်ဘက်၌ မတ် ၉ ရက်က ပစ်ခတ် မှုဖြစ်စဉ်အတွင်း လူလေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘန်နူခရိုင်၌ လူအုပ်စုနှစ်စုအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ် အတွင်း သေဆုံးသူများအနက် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ကျောင်းသား တစ်ဦးတို့လည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက ပြောကြားသည်။
ကျောင်းသားများအပါအဝင် ဒဏ်ရာရသူများကို အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နှစ်ဦးမှာစိုးရိမ်ရသည့် အခြေအနေဖြစ် သည်။ အခင်းဖြစ်ပွားပြီးနောက် နှစ်ဖွဲ့စလုံးမှ တရားခံများမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် ရဲတပ်ဖွဲ့မှ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
ဆင်ဟွာ