
အစ္စလာမ္မာဘတ် ဖေဖော်ဝါရီ ၁
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ဇန်နဝါရီ ၃၁ ရက်က အကျင့်ပျက်ခြစားမှု အတွက် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။
နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရပြီး နောက် တစ်နေ့တွင်ပင် ယခုလို ထောင် ဒဏ် ၁၄ နှစ် ချမှတ်ခံရခြင်းဖြစ် သည်။ နိုင်ငံခြားအစိုးရ အရာရှိ ကြီးများထံမှ လက်ဆောင်များ လက်ခံရရှိပြီးနောက် မှန်ကန် သည့် အစီရင်ခံတင်ပြမှုမလုပ်ခဲ့ဟု အင်မရန်ခန်းနှင့် ပတ်သက်၍ အစ္စလာမ္မာဘတ်မြို့ အနီးရှိ အကျဉ်းထောင်တစ်ခု အတွင်းရှိ ထောင်တွင်းတရားရုံးက ပြော သည်။
အင်မရန်ခန်းသည် ခရစ်ကက် ကြယ်ပွင့်ဟောင်း တစ်ဦးဖြစ်ပြီး လူငယ်များကြားတွင် ရေပန်းစား သူလည်း ဖြစ်သည်။
၎င်းသည် ၂၀၁၈ ခုနှစ်မှ စတင်ကာ ဝန်ကြီးချုပ်အဖြစ် လေးနှစ် တာဝန်ထမ်းဆောင်ခဲ့ သည်။
ပြီးခဲ့သည့်ဩဂုတ်လအတွင်း အကျင့်ပျက်ခြစားမှုဖြင့် ၎င်းကို ဖမ်းဆီးခဲ့သည်။ ပါကစ္စတန် နိုင်ငံသည် ဖေဖော်ဝါရီ ၈ ရက် တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ