ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း ပစ်ခတ်ခံရပြီးနောက် ပြန်လည်သက်သာလာပြီဖြစ်

 

အစ္စလာမ္မာဘတ် နိုဝင်ဘာ ၄


ပါကစ္စတန်  ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းသည် နိုဝင်ဘာ ၄ ရက်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နောက် ခြေထောက်တွင် ဒဏ်ရာရ ရှိခဲ့ရာ   ယခုအခါ   ၎င်း၏အခြေ အနေမှာ ပြန်လည်သက်သာလာပြီ ဟု သိရသည်။  ၎င်းလိုက်ပါလာ သည့်ယာဉ်တန်းကို   သေနတ် သမား တစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ် ပြီး တစ်ဦးသေဆုံးခဲ့ရာ ၁၀  ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု  သိရသည်။

 


ယခုအခါ   အင်မရန်ခန်း၏ အခြေအနေမှာ ပြန်လည်တည်ငြိမ် နေပြီဖြစ်ပြီး လာဟိုးမြို့ အရှေ့ပိုင်း ရှိ      ရှောကက်ခါနန်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသည် ဟု  ၎င်း၏ဆရာဝန် ဖိုင်ဆယ်စူတန် က     အေအက်ဖ်ပီသို့     ပြော သည်။  အသက်   ၇၀    အရွယ် နိုင်ငံတကာ         ခရစ်ကက် အားကစားသမားဟောင်း ဖြစ်သူ အင်မရန်ခန်းမှာ လာဟိုးမြို့မှ အစ္စ လာမ္မာဘတ်မြို့သို့       မဲဆွယ် စည်းရုံးရေး             ယာဉ်တန်းကို ဦးဆောင်လာစဉ်    တိုက်ခိုက်ခံရ ခြင်း  ဖြစ်သည်။         

အေအက်ဖ်ပီ