ပိုးတွေ့သူတစ်ယောက်က အိမ်မှာနေလိုက်မယ်ဆိုရင် ‘ဒယ်လ်တာ’ မျိုးကွဲရဲ့ ကူးစက်မှုနှုန်းအရ ဆက်တိုက်၊ ဆက်တိုက် အိမ်မှာရှိတဲ့လူတွေကို ကူးစက်သွားနိုင်မှာဖြစ်

အစီအစဉ်မှူး။    ။    နိုင်ငံတစ်ဝန်း   ကိုဗစ် - ၁၉ တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ 
ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန  ပြည်သူ့ ကျန်းမာရေးဦးစီးဌာန   ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး  ဒေါက်တာ သန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။


နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်၊  ကုသ နိုင်ဖို့အတွက် အများပြည်သူအလုပ်ပိတ်ရက်တွေ သတ်မှတ်ထားပါတယ်။ ဒီလိုအလုပ်ပိတ်ရက်တွေ  သတ်မှတ်ထားမှုနဲ့အတူ  ကိုဗစ်-၁၉   ကူးစက်မှု အရေအတွက်ကလည်း    တဖြည်းဖြည်းလျော့ကျ  လာနေပြီ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီလို ကိုဗစ်-၁၉ ကူးစက်မှုတွေ  ဆက်လက်လျော့ကျ အောင် မပျက်မကွက် လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပြောကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး။    ။    လက်ရှိမြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့  ကိုဗစ်-၁၉   တတိယလှိုင်းရဲ့ အခြေအနေနဲ့  နိုင်ငံတော်က  ရုံးပိတ်ပေးထားတဲ့ အခြေအနေတွေရဲ့ ထိရောက်မှုတွေကို ကျွန်တော် အနေနဲ့ဆက်စပ်ပြီး    ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ဩဂုတ်လ ၁၃ ရက် ည ၈ နာရီအထိ ထုတ်ပြန် ခဲ့တဲ့ ကိန်းဂဏန်းတွေအရ ဩဂုတ်လ ၁၂ ရက် ည ၈ နာရီကနေ ဩဂုတ်လ ၁၃ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနာမူနာ စုစုပေါင်း ၁၃၀၂၁ ခုကို  စစ်ဆေး  ခဲ့ရာမှာ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာအသစ် ၃၄၅၆ ဦး တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့ရှိနှုန်းအနေနဲ့ ၂၆ ဒသမ ၅၄ ရာခိုင်နှုန်းပါ။ ဒါသည် ယခင်တွေ့ရှိ နှုန်းတွေထက် သိသိသာသာ  ကျဆင်းလာပါတယ်။


ကျွန်တော့်အနေနဲ့      ရုံးပိတ်ရက်တွေရဲ့ သက်ရောက်မှုတွေကို  မပြောကြားခင်   ကိုဗစ်-၁၉  ပထမလှိုင်း၊  ဒုတိယလှိုင်းနဲ့  တတိယလှိုင်းတို့ရဲ့ တွေ့ရှိချက်တွေကို       ဦးစွာတင်ပြလိုပါတယ်။  ကိုဗစ် - ၁၉ ပထမလှိုင်းကာလက  ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်ကနေစတင်ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၅ ရက်အထိ  ဖြစ်ပါတယ်။  စတင် ဖြစ်ပွားတဲ့နေရာက   ရန်ကုန်မြို့   ဖြစ်ပါတယ်။ ပထမလှိုင်းအနေနဲ့ ကာလအားဖြင့် ၁၄၆ ရက် ကြာခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာဦးရေ ၃၇၄ ဦး၊ သေဆုံးသူဦးရေ ၆ ဦးနဲ့ သေဆုံးမှုနှုန်း ၁ ဒသမ ၆ ရာခိုင်နှုန်းရှိတဲ့အတွက် ကျွန်တော်တို့ ကိုဗစ်ရောဂါ သိပ်မထိခဲ့တဲ့ အနေအထား ဖြစ်ပါတယ်။
ဒုတိယလှိုင်းက ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၆ ရက်ကနေ ၂၀၂၁ ခုနှစ် မေလ  ၂၆  ရက်အထိ ဖြစ်ပွားခဲ့ပြီး ကာလအားဖြင့် ၂၈၄ ရက် ကြာမြင့်ခဲ့ ပါတယ်။ စတင်ဖြစ်ပွားတဲ့နေရာက ရခိုင်ပြည်နယ်  စစ်တွေမြို့ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာဦးရေ ၁၄၂၉၄၄ ဦး၊ သေဆုံးသူဦးရေ ၃၂၁၀ နဲ့ သေဆုံးမှု နှုန်း ၂ ဒသမ ၂  ရာခိုင်နှုန်းရှိပါတယ်။  အဲဒီအချိန် တည်းက ကိုဗစ်ရောဂါပိုး ဗီဇမျိုးပြောင်းတာက ပိုပြီးမြန်လာတယ်။ 614 D ကနေ  614 G  ကို ပြောင်းတဲ့အတွက်  ကူးစက်မှုနှုန်းပိုမြန်လာပေမယ့် ယခုတွေ့နေရတဲ့ ရောဂါပိုးမျိုးကွဲနှင့်စာရင် ရောဂါ ပြင်းထန်မှုကသက်သာခဲ့သေးတဲ့ အနေအထားဖြစ် ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကလည်း အတော် ခံခဲ့ရပြီး အသက်ပေါင်း ၃၂၁၀  ဆုံးရှုံးခဲ့ရပါတယ်။ 


ဒီကြားထဲမှာ D614G ထက်ပိုပြီး  ကူးစက်မှု နှုန်းလည်း မြန်တယ်၊ ရောဂါဖြစ်ပွားမှု ပြင်းထန်တဲ့  ကိုဗစ်ရောဂါပိုး မျိုးကွဲတွေကလည်း ဆင့်ကဲဆင့်ကဲ ပေါ်ထွက်လာပါတယ်။ ဒါကို တတိယလှိုင်းမှာ ခံစားရ  ပါတယ်။ ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်ကနေ ဩဂုတ်လ ၁၂ ရက်အထိ  တတိယလှိုင်း  ဖြစ်ပွားနေတဲ့ကာလ ၇၈ ရက်ကျော်ရောက်ရှိနေပြီဖြစ်ပါတယ်။ တတိယ လှိုင်း  စတင်ခဲ့တဲ့နေရာက  ချင်းပြည်နယ်   တွန်းဇံ မြို့နယ် ကျီခါးမြို့မှာ  စတွေ့ပါတယ်။ တတိယလှိုင်း ဖြစ်ပွားနေတဲ့ကာလ  ၇၈  ရက် (ဩဂုတ်လ ၁၂ ရက်) အထိ   ဓာတ်ခွဲအတည်ပြုလူနာ  ၂၀၁၄၁၂   ဦးနဲ့ သေဆုံးသူဦးရေ ၉၄၅၁ ဦး ရှိပါတယ်။ သေဆုံးမှု နှုန်းအနေနဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ တက်လာ ပါတယ်။ ဒါက ကိုဗစ်ရောဂါပိုး မျိုးကွဲရဲ့  ရောဂါ ဖြစ်ပွားမှု     ပြင်းထန်ခြင်းနဲ့   ရောဂါကူးစက်မှုနှုန်း မြန်ဆန်ခြင်းတို့ကြောင့်  အသက်အရွယ်ကြီးရင့်သူ တွေနဲ့  ရောဂါအခံရှိတဲ့သူတွေ  ဆက်တိုက်ရောဂါ ကူးစက်ခံရတာတွေကနေ သေဆုံးမှုမြင့်မားစေမှုကို  အဓိကအနေနဲ့ တွေ့ရပါတယ်။


သေဆုံးမှု ၃ ဒသမ ၆ ရာခိုင်နှုန်း


၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊  ဒုတိယလှိုင်းနဲ့  တတိယလှိုင်း ဖြစ်ပွားခဲ့မှုကို ပေါင်းကြည့်ပါက  ဓာတ်ခွဲအတည်ပြု လူနာ ၃၄၄၇၃၀ ၊ သေဆုံးသူဦးရေ ၁၂၆၆၇ ဦးဖြစ်ပြီး  သေဆုံးမှုနှုန်းအနေနဲ့ ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိပါ တယ်။ ဒါက ကျွန်တော်တို့ လက်ရှိရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း တစ်ခုတည်းကို ကြည့်ပါက တတိယလှိုင်းစတင်ဖြစ်ပွားရာ   ချင်း ပြည်နယ်    တွန်းဇံမြို့နယ်   ကျီခါးမြို့ကပြန်စပြီး ကြည့်ရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်က  ဓာတ်ခွဲစစ်ဆေးသူပေါင်း ၁၇၈၈ ဦးမှာ  ဓာတ်ခွဲ အတည်ပြုလူနာ ၉၆ ဦးကနေ တဖြည်းဖြည်း  အရှိန် အဟုန်နဲ့ တက်လာပါတယ်။ ဇူလိုင်လ ၁၄ ရက် တစ်ရက်တည်းမှာ  ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၇၀၈၃ ဦး တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်တဲ့ ၄၀ ဒသမ ၈၂ ရာခိုင်နှုန်းကို  ဇူလိုင်လ ၂၃ ရက်က တွေ့ရှိခဲ့ပါတယ်။  ဒီလို အမြင့်ဆုံးတွေ့ရှိမှု တွေကနေ ဆက်လက်ပြီး ဩဂုတ်လ ၁၂  ရက်အထိ ရရှိခဲ့တဲ့  အချက်အလက်တွေကို  ပြန်ကြည့်ပါက ဩဂုတ်လ   ၁၂  ရက်မှာ   ဓာတ်ခွဲစစ်ဆေးသူပေါင်း ၁၃၀၂၁    ဦးရှိပါတယ်။     ဒီလိုဓာတ်ခွဲစစ်ဆေးသူ တစ်သောင်းခွဲဝန်းကျင်ကို      ပုံမှန်စစ်ဆေးနိုင်တဲ့ ကာလမှာ ဓာတ်ခွဲအတည်ပြုလူနာ ၃၄၅၆ ဦးဖြစ်တဲ့  အတွက်  အမြင့်ဆုံးတက်ခဲ့တဲ့  အနေအထားထက် တစ်ဝက်အောက်  လျော့လာတာကို  တွေ့ရပါတယ်။ ရောဂါပိုးတွေ့ရှိမှုနှုန်းကလည်း ၄၀ ဒသမ ၈၂ ရာခိုင် နှုန်းကနေ ၂၆ ဒသမ ၅၄ ရာခိုင်နှုန်းအထိ ကျလာတဲ့ အတွက် ပိုးတွေ့ရှိနှုန်း သိသိသာသာကျလာပါတယ်။
ဒီကပ်ရောဂါ    ဖြစ်ပွားမှုဖော်ပြတဲ့  ဂရပ်ဖ်ကို Epidemic Curve လို့ခေါ်ပါတယ်။ ဒီဂရပ်ဖ်ကြီးကို ပြန်ကြည့်တဲ့အခါ ရောဂါတက်တာနှင့်အမျှ တက်လာ တဲ့အပိုင်းက    ဆက်တိုက်ထောင်တက်ပါတယ်။ ရောဂါရဲ့သဘောအရ ကူးစက်မှုနှုန်းက တစ်ဦးကနေ  ၅ ဦးကနေ ၈ ဦး၊  ၉  ဒသမ ၅   ဦးအထိ   ဆပွားပြီး  ဆက်တိုက်ကူးစက်သွားရမယ့် အနေအထား ဖြစ်ပါ တယ်။   ဒီလိုဆပွားကူးစက်နိုင်တဲ့   အနေအထားမှာ ဂရပ်ဖ်က ဆက်တိုက်ထောင်ပြီးတက်မသွားဘဲ စပြီး ပြားလာတာကိုတွေ့ရတဲ့    အနေအထားပါ။   ဒီလို  ကူးစက်မှုနှုန်းကျအောင်ဆောင်ရွက်တာကို   နိုင်ငံ တကာမှာလည်း ကူးစက်မှုနှုန်းကို  နှေးကွေးအောင်  လုပ်တယ်  (Slow the Spread)၊  ဂရပ်ဖ်ကြီးကို ပြားအောင်လုပ်တယ် (Flattening the Curve)  လို့ တင်စားပြီး ပြောကြပါတယ်။


ကူးစက်မှုနှုန်းကျတာက  နိုင်ငံတော်ကလည်း ရုံးပိတ်ရက်ရှည်တွေ    ကြေညာပေးတယ်။  ဒီလို  ကြေညာပေးတာကလည်း တစ်ဦးနဲ့တစ်ဦး ထိတွေ့မှု တွေ လျော့ကျပြီး ကူးစက်မှုတွေ လျော့ပါးဖို့အတွက် နိုင်ငံတော်ကလည်း  စေတနာနဲ့   ကျွန်တော်တို့ကို ထုတ်ပြန်ကြေညာပေးတာဖြစ်ပါတယ်။  တစ်ဖက် ကလည်း    ပြည်သူတွေအပိုင်းက   လိုက်နာမှုက အားကောင်းတာကို   တွေ့ရပါတယ်။   မြို့ကြီးတွေ မှာလည်း   လမ်းမပေါ်တွေမှာ   လူတွေတော်တော် ရှင်းသွားတယ်။   ရုံးတွေ၊   ကျောင်းတွေမှာလည်း ထိစပ်မှုတွေ နည်းပါးတဲ့အတွက် ရောဂါကူးစက်မှုက  ဆပွား၊ ဆပွား မကူးစက်နိုင်တော့ဘဲ ကူးစက်မှုတွေ လျော့ပါးလာတဲ့ သဘောဖြစ်ပါတယ်။


ဒါကြောင့်     ခုနကပြောသလို   ဂရပ်ဖ်က ဆက်တိုက် ထောင်တက်မယ့်ဟာက တဖြည်းဖြည်း ပြားလာပြီး ယခုဆိုရင် အကျဘက်ကို  ဦးတည် လာတဲ့သဘော တွေ့ရှိရတယ်။    ဒါက  အလွန် ကောင်းပြီး ဒီဘက်က ဆောင်ရွက်ပေးတဲ့သူတွေနဲ့ ပူးပေါင်းပါဝင်ပေးတဲ့သူတွေ အားလုံးကို ကျန်းမာရေး လုပ်ငန်း  ဆောင်ရွက်နေတဲ့  ပုဂ္ဂိုလ်တွေအနေနဲ့ အထူးလေးစားကျေးဇူးတင်တဲ့အကြောင်း ဒီနေရာ ကနေ ကျွန်တော်ပြောကြားလိုပါတယ်။


ဆက်လက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက်ဖြစ်ပွားမှုကို ပြန်ကြည့်ရင် ဥပမာ - ရန်ကုန်  တိုင်းဒေသကြီးဆို ရုံးပိတ်ရက်ရှည်  သတ်မှတ်ပြီး ပထမအပတ်မှာ ကိန်းဂဏန်းအရ ၂၀ ရာခိုင်နှုန်း  ကျော်ကျော် စပြီးကျလာပါတယ်။ ဒုတိယအပတ်မှာ ၄၀   ရာခိုင်နှုန်းကျော်   ကျလာတယ်။ တတိယ အပတ်မှာ    ထက်ဝက်ထက်ပိုပြီး  ကိန်းဂဏန်းအရ ရန်ကုန်တိုင်းဒေသကြီးမှာ ကျလာတာကို တွေ့ရ တယ်။ ဒီလိုဆက်ပြီးကျနေတဲ့   တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက စစ်ကိုင်း၊  ပဲခူး၊  နေပြည်တော်၊ ကရင်၊ ဧရာဝတီ၊ ရခိုင်၊ မွန်၊ မကွေး၊ ကချင် အဲဒီ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း  ခုနက ပြောသလို ရောဂါဖြစ်ပွားမှုက တဖြည်းဖြည်းနဲ့  အကျဘက်ကို   ရောက်လာတာ   တွေ့ရတယ်။ တန်းနေတဲ့   နေရာတွေ   ကျန်နေပါသေးတယ်။ တန်းနေတဲ့နေရာတွေက  ဘယ်နေရာကျန်သလဲ ဆိုရင် ဥပမာ - ရှမ်းပြည်နယ် ကျန်တယ်၊ နောက်ပြီး  ချင်းပြည်နယ် ကျန်တယ်။


ဒီမှာ ထူးထူးခြားခြား ရုံးပိတ်ရက်ရှည် သုံးပတ် ပိတ်ပြီးတာတောင် နည်းနည်းလေး ပြန်တက်ချင် နေတဲ့  တိုင်းဒေသကြီးနဲ့   ပြည်နယ်တွေလည်း ရှိပါတယ်။  ဒါက  အထူးသတိထားရမယ့်  နေရာ တွေပါ။ ခုနက အများစုက ကျလာတယ်ဆိုပေမယ့်  ဒီတိုင်းဒေသကြီးနဲ့  ပြည်နယ် သုံးခုမှာ  အတက် ဘက်ကို နည်းနည်း ပြန်ဦးတည်နေတာကို တွေ့ရ ပါတယ်။  ဒါက  အဲဒီနေရာတွေမှာ   အထူးသတိ ထားပြီး  လိုက်နာဖို့၊  ကိုဗစ်စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ ဆောင်ရွက်ဖို့၊ ထိတွေ့မှုတွေ နည်းပါးဖို့ လက်တွဲပူးပေါင်း     ကြိုးပမ်းဆောင်ရွက်ရမယ့် ဟာတွေ ဖြစ်ပါတယ်။
ဒီနေရာမှာ       မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့က ရုံးပိတ်ရက်ရှည်   သုံးပတ်ရှိတာတောင်  မကျဘဲ အတက်ဘက်ကို နည်းနည်းပြန်ဦးတည်နေတာကို တွေ့ရပါတယ်။                  

 

 


ကျန်းမာရေးစနစ်ရဲ့  စာရင်းဇယား  ကောက်ယူမှု သဘောတရားအရ  စစ်ဆေးတဲ့အပေါ် မှာ မူတည်ပြီး မြို့နယ်တိုင်းက  ပို့လာတဲ့   စာရင်းဇယားတွေကို  ပေါင်းပြီး  ဆောင်ရွက်ရတာဖြစ်ပါတယ်။ တစ်နည်း အားဖြင့် ရေခဲတောင်ကြီး  တစ်ခုလုံးကို မြင်နိုင်ဖို့ ကတော့ မလွယ်ပါဘူး။ ရေခဲတောင်ရဲ့ ထိပ်ဖျားကို တော့မြင်ရပါတယ်။  သတင်းပို့ယူနစ်   (Number of Reporting Unit) က  များဖို့လိုပါတယ်။ နေရာ ဒေသအနှံ့ကနေ စစ်ဆေးတဲ့ ပိုးတွေ့ရှိတဲ့  Data တွေကို   မြို့နယ်တွေက   တစ်ပြိုင်တည်းပို့လာပြီး ဒီစနစ်ထဲကို ရောက်ပါတယ်။  စနစ်အနေနဲ့  နေရာ အနှံ့က ပိုးစစ်ပေးနိုင်သလောက် ပမာဏမှာ ပိုးတွေ့ ရှိမှုရပါတယ်။ ဒါတွေက ရေခဲတောင်ရဲ့ ထိပ်ဖျား ပိုင်းကိုသာ မြင်ရခြင်းဖြစ်ပေမယ့်  သူ့ရဲ့အတက် အကျကို  ခန့်မှန်းလို့ရနေပါတယ်။  ဒါက  လက်ရှိ ကျန်းမာရေးသတင်းပို့စနစ်ရဲ့ အားသာချက်ဖြစ်ပါ တယ်။ ဒီစနစ်ကနေ စောင့်ကြည့်တဲ့အခါ တိုင်းဒေသ ကြီး/ပြည်နယ်/မြို့နယ် အများစုက တဖြည်းဖြည်း   ကျလာပါတယ်။  ကျလာပေမယ့် ကြိုးစားရပါဦး မယ်။ အောက်ဘက်ကို တဖြည်းဖြည်းဆင်းလာတဲ့ အနေအထားဖြစ်ပေမယ့် အောက်ဆုံးကို မရောက် သေးပါဘူး။  နည်းနည်းပြန်တက်တဲ့  နေရာတွေ ရှိပါတယ်။ ဒါကတော့ ခုနတင်ပြခဲ့တဲ့ တိုင်းဒေသ ကြီးနဲ့ ပြည်နယ် သုံးခုဖြစ်ပါတယ်။ 


တိုင်းဒေသကြီး၊  ပြည်နယ်တစ်ခုစီအလိုက် ပြန်ကြည့်ရင်  တက်နေတဲ့မြို့နယ်တွေရှိပေမယ့် ကျတဲ့မြို့နယ်တွေ ရှိပါတယ်။  ကျတဲ့မြို့နယ်တွေ များပြီး တက်တဲ့မြို့နယ်တွေနည်းအောင်  လုပ်ရ  ပါမယ်။ တိုင်းဒေသကြီး၊ ပြည်နယ် တစ်ခုအနေနဲ့ သူ့မှာရှိတဲ့ မြို့နယ်တွေအားလုံးက အကျဘက်ကို  ဆင်းသွားရင် တိုင်းဒေသကြီး၊ ပြည်နယ်  တစ်ခုလုံး အနေနဲ့    ပြန်ပေါင်းလိုက်ရင်   ကျတဲ့ဘက်ကို  ရောက်သွားပါတယ်။ 


ပြန်ကြည့်လိုက်တဲ့အခါ  မန္တလေးတိုင်းဒေသ ကြီးရဲ့လက်တလော တက်နေတဲ့မြို့နယ်တွေအနေ နဲ့ နွားထိုးကြီး၊ သပိတ်ကျင်းနဲ့ စဉ့်ကူး သုံးမြို့နယ်က တက်တာများနေတာကို   တွေ့ရပါတယ်။   အထူး သတိထားပြီး   ထိတွေ့မှုတွေ   နည်းပါးအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရောဂါ  ကာကွယ်၊ ကုသရေး၊ ထိန်းချုပ်ရေးတွေမှာ အားစိုက်ရမယ့် နေရာတွေဖြစ်ပါတယ်။ 


တနင်္သာရီတိုင်းဒေသကြီးအနေနဲ့  ထားဝယ်၊ မြိတ်နဲ့ လောင်းလုံး သုံးမြို့နယ်က  တက်နေသေး တယ်။ ကယားပြည်နယ်အနေနဲ့ ရာခိုင်နှုန်းအားဖြင့် တက်ပါတယ်။  လူဦးရေအရ  တက်တဲ့လူနည်း ပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော တစ်ဦးဖြစ်ပွား ရင် ဆက်တိုက် ကူးစက်ပြန့်ပွားနိုင်တဲ့ အန္တရာယ် ကလည်းရှိတော့ အထူးသတိထားပြီး ဆောင်ရွက် ရမှာဖြစ်ပါတယ်။ တက်တဲ့နေရာတွေက လွိုင်ကော်၊   ဖားဆောင်းနဲ့ ဘော်လခဲတို့ဖြစ်ပါတယ်။  အများ အားဖြင့် တစ်နိုင်ငံလုံးအနေနဲ့ ခြုံငုံကြည့်လိုက်ရင် ရောဂါအခြေပြဂရပ်ဖ်က       တက်နေရာကနေ အောက်ကိုနည်းနည်းဆင်းလာပါပြီ။  ပြောရရင် အခြေအနေက   ကောင်းလာပါပြီ။   ဒါပေမယ့် တက်တဲ့နေရာတွေ   ဆက်ပြီးမတက်တော့မှ အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။  တတိယလှိုင်းကို ကျော်ဖြတ်နိုင်မယ့် အနေအထားဖြစ်ပါတယ်။ 
ကျွန်တော်တို့အားလုံး   သတိ၊  ဝီရိယနဲ့ ဆက်လက်တောင့်ခံပြီး အတူတူကျော်ဖြတ်ကြရမှာ  ဖြစ်ပါတယ်။   လူတွေရဲ့   လှုပ်ရှားသွားလာမှု အနေအထားကို ပြန်ပြီးကြည့်လိုက်ရင် နောက်ပိုင်း ရုံးပိတ်ရက်    တတိယအပတ်က   ပထမအပတ် လောက်  လမ်းတွေပေါ်မှာ  လူသိပ်မရှင်းတာကို တွေ့ရပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုဖြစ်တတ် ပါတယ်။ Stay at Home နေတာကြာလာတာနဲ့အမျှ လူတွေက လမ်းပေါ်ပြန်ထွက်ချင်ပါတယ်။  ဒီလို အခြအနေမှာ စိတ်တော့မချရသေးပါဘူး။ ကူးစက် တာတွေက ရှိနေပါသေးတယ်။ အကြွင်းအကျန်တွေ ရှိရင် ဒီအကြွင်းအကျန်က ပြန်ပြီးပွားနိုင်ပါတယ်။ 


ဒီတော့ Stay at Home  ဒေသတွေမှာ  လိုက်နာ  ရမယ့်   စည်းမျဉ်းစည်းကမ်းတွေ၊   ကာကွယ်ရေး နည်းလမ်းတွေကို    အထူးသတိထားပြီး   ဆက်ပြီး ဆောင်ရွက်ပေးကြပါဦး။ အဓိကတော့ တတ်နိုင်သမျှ အိမ်မှာနေပါ။    အပြင်ထွက်ရင်   Mask   တပ်ပါ။ လက်ဆေးပါ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း သတင်းထုတ်ပြန်တဲ့ပုံစံကို   ပြောင်းထားပါတယ်။ ပြောင်းရတဲ့ရည်ရွယ်ချက်က ကာကွယ်ရေးနည်းလမ်း တွေကို     ပိုပြီးလိုက်နာစေချင်တယ်။   တစ်ဦး တစ်ယောက်ချင်း   ကာကွယ်လိုက်ရင်   ဒီရောဂါ ကွင်းဆက်က  ပြတ်တောက်သွားမှာ  ဖြစ်ပါတယ်။  ဒိုမီနိုကစားသလိုပါ။ ဒိုးဇက်လို အပြားလေးတွေကို ထောင်ထားတယ်။ အကုန်လုံးကို လဲချင်တယ်ဆိုရင် ထိပ်ဆုံးတစ်ခုကို လှဲလိုက်ရင် အကုန်လုံးလဲသွားပြီ။ အခု ၁၀၀ ရှိရင် ၁၀၀ လဲမယ်။ ၁၀၀၀ ရှိရင် ၁၀၀၀ လဲမှာ ဖြစ်ပါတယ်။ 
ဒါပေမယ့် ဒီအထဲက တစ်ခုခုကို  ဘေးထုတ် ထားလိုက်ရင် ဒါမှမဟုတ် တစ်ခုကို မလဲနိုင်အောင် တောင့်တောင့်တင်းတင်းနဲ့ ကာကွယ်ထားလိုက်ရင် ဟိုဘက်က လဲလာတာက ဒီနေရာမှာ ရပ်သွားပါမယ်။ ပထမနှစ်ခုလောက်မှာ မလဲအောင်  သေချာကော်နဲ့ ကပ်ပြီး    ထောင်ထားရင်   ရှေ့ကတစ်ခု  လဲပေမယ့် နောက်ကဟာတွေက   မလဲတော့ဘူး။   တစ်နည်း အားဖြင့် ဒီတစ်ယောက်က ကာကွယ်ထားလိုက်မယ် ဆိုရင် ဆက်တိုက်ရောဂါကွင်းဆက်ဖြစ်ပြီး ကူးစက် သွားမှာကို အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 


ဒါကြောင့် ဒီကာကွယ်ရေးနည်းလမ်းက အလွန် ထိရောက်တယ်။ ထိစပ်မှုနည်းတာ၊ ထိတွေ့မှုနည်းပြီး ရောဂါမကူးနိုင်တာနဲ့အမျှ    ကာကွယ်မှုဖြစ်စဉ်မှာ နောက်မှာရှိတဲ့သူတွေ၊ ဒါမှမဟုတ်  ဒီဒေသအသိုက် အဝန်းတစ်ခုလုံး  ရောဂါမှကင်းဝေးခြင်း  ခံစားရမှာ ဖြစ်ပါတယ်။ တတ်နိုင်သမျှ အိမ်ထဲမှာနေပါ။ နေအိမ် ပြင်ပကို သွားရောက်ဖို့ရှိပါက ပါးစပ်နဲ့နှာခေါင်းစည်း  Mask ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။     စနစ်တကျတပ်ဆင်ဖို့ကလည်း အရေးကြီးပါတယ်။ 
နေပြည်တော်မှာလည်း  တွေ့နေရပါတယ်။ Mask တော့တပ်ထားတယ်။ မေးကို ချိတ်ထားတယ်။ Mask ကို မေးစေ့ မှာ ချိတ်ထားရင် ပါးစပ်နဲ့နှာခေါင်းကို ရောဂါပိုးဝင်ရောက်မယ့်နေရာတွေကို အကာအကွယ် မပေးနိုင်တော့ဘူး။  မေးအောက်မှာ  ဗိုင်းရပ်စ်က မတော်တဆကပ်နေခဲ့ရင်  မေးကို  ချိတ်လိုက်ရင် Mask ရဲ့အတွင်း မျက်နှာပြင်က  မေးအောက်ကိုသွားပြီး ကပ်မိမယ်။ Mask တပ်ဖို့ သတိရလို့ Mask ကို ပြန်တပ် လိုက်တဲ့အခါ Mask ရဲ့အတွင်း မျက်နှာပြင်က ဗိုင်းရပ်စ် ကို ရှူသွင်းမိလိုက်တဲ့ အဖြစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။ Mask ကို မေးစေ့မှာ ချိတ်တာကိုတော့ ရှောင်ဖို့လိုပါ တယ်။ ဒါကြောင့် ဒီနေရာမှာတင်ပြခြင်း ဖြစ်ပါတယ်။ 
နောက်တစ်ခုက     အားလုံးသိတဲ့အတိုင်းပါပဲ လက်ကိုစနစ်တကျ မကြာခဏ စက္ကန့် ၂၀ ကြာအောင် ဆပ်ပြာနဲ့ရေ ဒါမှမဟုတ် Hand Gel  လက်သန့် ဆေးရည်ကို အသုံးပြုပြီးဆေးဖို့လိုပါတယ်။ လက်မှာ ဗိုင်းရပ်စ်ကပ်နေရင် မတော်တဆ နှာခေါင်း၊ ပါးစပ်ကို ကိုင်မိတဲ့အခါ ဝင်သွားမှာစိုးတဲ့အတွက် ဖြစ်ပါတယ်။ နောက်တစ်ခုက    ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်က တင်ပြခဲ့တယ်။   မိမိတို့နေအိမ်မှာ  အသက်  ၆၀  နှစ် အထက် အသက်အရွယ်ကြီးရင့်သူ၊  ဆီးချို၊  နှလုံး၊ သွေးတိုးစတဲ့ နာတာရှည်ရောဂါအခံရှိတယ်ဆိုရင် ဒီလိုလူတွေဟာ Mask ကို အိမ်မှာနေရင်းနဲ့တောင် တပ်ထားဖို့လိုပါတယ်။  လေဝင်လေထွက်ကောင်းတဲ့ နေရာမှာနေဖို့   လိုပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ မည်သူ့မှာ ပိုးရှိမှန်းမသိနိုင်ဘူး။  အိမ်မှာ  အပြင် ထွက်တဲ့သူ တစ်ယောက်ရှိရင် သူ့ဆီကပိုးပါလာရင် အသက်အရွယ်ကြီးရင့်တဲ့သူတွေက  ပိုပြီးခံစားရလို့ ဖြစ်ပါတယ်။ 


အားလုံးပါဝင် ပူးပေါင်းပေးကြဖို့လို


နောက်တစ်ခုက   ကာကွယ်ဆေးထိုးလုပ်ငန်း တွေကို နိုင်ငံတော်က အထူးအားပေးပြီး စနစ်တကျ တုံ့ပြန်ရေးကော်မတီ   အဆင့်ဆင့်ကနေ  ဆောင်ရွက် နေပါတယ်။  ဒီနေရာမှာ   အားလုံးပါဝင်   ပူးပေါင်း ပေးကြဖို့လိုပါတယ်။ နောက်ထပ် လိုက်နာမှုအားနည်း တဲ့နေရာတွေက ဈေးတွေ၊ ဈေးရောင်း/ ဈေးဝယ်တဲ့  နေရာတွေမှာ တွေ့လာရပါတယ်။ အစပိုင်းကူးစက်မှု တွေ    များတဲ့အချိန်တုန်းက    ဈေးရောင်းတာနဲ့ ဈေးဝယ်တဲ့နေရာမှာ Mask ကို သေချာတပ်ပါတယ်။ လိုက်နာကြပါတယ်။ နောက်ပိုင်း ရုံးပိတ်ရက်ကာလ တွေ၊  Stay at Home ကာလတွေ  တဖြည်းဖြည်း ကြာလာတာနဲ့အမျှ ဈေးတွေမှာ နည်းနည်းအားနည်း လာတာကို တွေ့ရပါတယ်။   ဈေးတွေက   ကူးစက်   နိုင်ခြေအလွန်မြင့်မားတဲ့နေရာဖြစ်တယ်။ 


ဒီလိုနေရာတွေမှာလည်း   စည်းကမ်းတကျ ကာကွယ်ကြဖို့၊ ဈေးရောင်းတဲ့သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ရင် အိမ်မှာရှိတဲ့ မိသားစုကို ကာကွယ် ရာရောက်တယ်။  ကိုယ့်ဆီဈေးလာဝယ်တဲ့သူတွေ ကိုလည်း ကာကွယ်ရာကျပါတယ်။ ဒီလိုပဲ ဈေးလာ ဝယ်တဲ့သူကလည်း       ကိုယ့်ကိုယ်ကိုယ်      ကာကွယ် ထားရင် ကိုယ့်မိသားစုကို အကာအကွယ်ပေးသလို တစ်ဖက်က  ဈေးရောင်းတဲ့သူကိုလည်း   အကာ အကွယ်ပေးပါတယ်။ နှစ်ဦးနှစ်ဖက် ဒီလို  စနစ်တကျ လိုက်နာဖို့ ကာကွယ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ဈေးသာမက  အခြားလူစုလူဝေးဖြစ်နိုင်တဲ့  လုပ်ငန်း နေရာမျိုးတွေမှာ အထူးလိုက်နာပေးဖို့ လိုပါတယ်။ 


တင်ပြချက်အားလုံးကို   ခြုံငုံပြီး  ပြန်လည်တင်ပြ ရရင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု  အရေအတွက် အားဖြင့်၊ ရာခိုင်နှုန်းအားဖြင့် ကျဆင်းလာတဲ့ဘက်ကို စတင်ပြီး  ရောက်ရှိလာတဲ့သဘော   ဖြစ်ပါတယ်။ ရုံးပိတ်ရက်သတ်မှတ်ပေးကြတဲ့     ရုံးပိတ်ရက်မှာ ပါဝင်ပြီး အိမ်မှာနေပေးကြတဲ့သူအားလုံးကို  ကျေးဇူး တင်ကြောင်းပြောလိုပါတယ်။ ဒါပေမယ့်  ကျွန်တော် တို့က လျော့လို့မရသေးပါဘူး။ ပေါ့လို့မရသေးပါဘူး။ ဒီရောဂါကြီးက အင်မတန်ဆိုးပါတယ်။ ကူးစက်မှု နှုန်းကလည်း မြန်တယ်။ မျက်စိနဲ့လည်း မမြင်ရဘူး။ အသက်ရှူလိုက်တိုင်း  အန္တရာယ်ရှိနိုင်တဲ့  ကိစ္စကြီး ဖြစ်ပါတယ်။ ဒါကို မြန်မြန် ကျွန်တော်တို့အသိုက်အဝန်း က မောင်းထုတ်ဖို့က အားလုံးကိုယ်စီကာကွယ်ထား လိုက်မယ်ဆိုရင်  ဖြစ်ပွားတဲ့နေရာမှာတင် ရပ်တန့်ပြီး ငြိမ်းသွားပါမယ်။ 


ကျွန်တော်တို့အားလုံး မျှော်လင့်ချက်ကို မြင်ရပါ ပြီ။ ပန်းတိုင်ကို မြင်ရပြီဖြစ်တဲ့အတွက် နိုင်ငံတော် က  ထုတ်ပြန်တဲ့  ရုံးပိတ်ရက်  စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ၊ Stay at Home စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ   မိမိကိုယ်ကိုယ်   စတင်ကာကွယ်ပြီး တစ်ဦးချင်းလိုက်နာရမယ့်  စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ဆက်လက်တောင့်ခံပြီး နေထိုင်ပေးကြပါဦးလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။ ပြီးတော့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာလျှင် ဒီရောဂါကပ်ဘေးကြီးကို ကျော်လွှားနိုင်မှာဖြစ်တဲ့ အတွက်    ကာကွယ်တဲ့နေရာ၊    ကုသတဲ့နေရာ၊ ထိန်းချုပ်တဲ့နေရာတွေမှာ     အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ ကျွန်တော့်အနေနဲ့ ဒီနေရာ ကနေ အနူးအညွတ်တောင်းပန်လိုပါတယ်။


အစီအစဉ်မှူး။    ။    ဖြည့်စွက်ပြောကြား      လိုတာ ရှိရင်လည်း သိပါရစေ။


ဒေါက်တာသန်းနိုင်စိုး။    ။    ကိုဗစ်-၁၉ ရောဂါ  ရှိ/မရှိကို     သံသယရှိတဲ့ 


သူတွေက        ကျန်းမာရေးဝန်ကြီးဌာနကနေ တရားဝင်ဖွင့်လှစ်ထားတဲ့  စစ်ဆေးတဲ့နေရာတွေ၊ ဒေသန္တရကျန်းမာရေးဌာနတွေကိုမလာဘဲ အိမ်မှာ တင် Test Kit နဲ့စစ်ကြပါတယ်။ အချို့က တရားဝင်  သတ်မှတ်ထားတဲ့နေရာတွေ  မဟုတ်ဘဲ  အပြင် စစ်ပေးတဲ့နေရာတွေမှာ စစ်ကြပါတယ်။  စစ်လို့ တွေ့ပြီဆိုရင်လည်း     ကျန်းမာရေးစနစ်ထဲကို သတင်းမပို့ပါဘူး။ ဆေးရုံဆေးခန်းကိုလည်း  မလာ  ပါဘူး။ အိမ်မှာပဲနေတယ်။ ဒါမျိုးကလည်း ဒီရောဂါ ကို  အမြစ်ဖြတ်တဲ့နေရာမှာ   ရှောင်ကြဉ်သင့်တဲ့  အကြောင်းကိုလည်း တင်ပြလိုပါတယ်။


ဘာကြောင့်လဲဆိုတော့ ပိုးတွေ့သူတစ်ယောက် က    အိမ်မှာနေလိုက်မယ်ဆိုရင်   ‘ဒယ်လ်တာ’ မျိုးကွဲရဲ့ ကူးစက်မှုနှုန်းအရ ဆက်တိုက်၊ ဆက်တိုက် အိမ်မှာရှိတဲ့လူတွေကို ကူးစက်သွားနိုင်မှာ ဖြစ်ပါ တယ်။ အသက်အရွယ်ကြီးရင့်တဲ့သူ၊ ရောဂါအခံ ရှိသူတွေ ကူးစက်ရင် အန္တရာယ်ရှိပါတယ်။ 
ဒီအကြောင်းရင်းကို   ပြန်လေ့လာတဲ့အခါ ပိုးတွေ့သူတစ်ယောက်က ဘာကြောင့်ကျန်းမာရေး ဌာနကို သတင်းမပို့တာလဲဆိုရင် သူက  ဆေးရုံ၊ ဆေးခန်းမှာ သွားနေရမှာစိုးတယ်။ တစ်ယောက် တည်း သီးခြားခွဲနေရမှာစိုးတယ်။ ထိစပ်တဲ့သူတွေ ကလည်း ကွာရန်တင်းနေရမှာ စိုးတယ်။ ဒါကြောင့် သတင်းမပို့ဘူးဆိုတာကို သိရှိရပါတယ်။ 


အဓိက အိမ်မှာနေရင် အိမ်မှာရှိတဲ့လူတွေကို ကူးနိုင်ပါတယ်။ ဒီတော့ အိမ်ကလူတွေ မကူးစက် အောင်၊    ရောဂါကွင်းဆက်ဖြတ်တောက်ရာမှာ  အကူအညီပေးနိုင်ဖို့   Community    Based COVID-19 Positive Center  ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကုသရေးစင်တာတွေမှာ သွားနေဖို့လိုပါ တယ်။ အိမ်နဲ့မတူပေမယ့်လည်း သည်းခံပြီးခဏနေ ပေးလိုက်ရင် ကိုယ်နဲ့အတူတူနေတဲ့ မိသားစုဝင် တွေအတွက်  ကူးစက်မှုအန္တရာယ်က  ကင်းဝေး သွားပါမယ်။   ကိုယ့်အတွက်လည်း    ဥပမာ- အောက်ဆီဂျင်ကျလို့       ရှူရမယ်ဆိုရင်လည်း ချက်ချင်းရနိုင်မယ်။          ပိုးတွေ့ရှိထားတဲ့သူနဲ့ ထိတွေ့မှုရှိထားသူတွေအနေနဲ့ ကွာရန်တင်းစင်တာ မှာ သွားနေရတယ်ဆိုရင်၊  ဟိုတယ်ကွာရန်တင်းနေရတယ်ဆိုရင်တောင်     ကိုယ့်အိမ်လောက် ဘယ်ပြည့်စုံမလဲ ဒီလိုပဲသည်းခံပြီး  နေရတာပေါ့။ ၁၀ ရက်၊ ၁၁ ရက်၊ အလွန်ဆုံး နှစ်ပတ်ပါ။ ဒါပေမယ့်  ဒီလိုနေလိုက်ရင် အကျိုးကျေးဇူးက  ဘာရသလဲ ဆိုတော့ အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေး တွေကို ကူးစက်ဖို့ တော်တော်နည်းသွားတယ်။


ကိုယ်တစ်ယောက်က ထွက်ပြီး ကွာရန်တင်း စင်တာဖြစ်ဖြစ်၊ ကုသရေးစင်တာဖြစ်ဖြစ် နေပေး  လိုက်ရင်  တစ်မိသားစုလုံးဆက်တိုက်  အကျိုးရှိ သွားတယ်။ ဒါကြောင့် ပူးပေါင်းပါဝင်ပေးကြပါ၊ ပိုးတွေ့တဲ့အခါ သည်းခံပြီး  ကုသရေးစင်တာတွေမှာ နေပေးတာ၊ ပိုးတွေ့တဲ့သူနဲ့အနီးကပ် ထိတွေ့ ထားတယ်ဆိုရင် ကွာရန်တင်းသီးခြားခွဲနေထိုင်တာ သို့မဟုတ် ကွာရန်တင်းစင်တာမှာနေထိုင်တာ၊ ဟိုတယ်ကွာရန်တင်းနေထိုင်တာ  ဒါမျိုးတွေကို ခွဲခြားပြီးနေထိုင်ပေးကြဖို့ ကျွန်တော့်အနေနဲ့ ထပ်မံ တိုက်တွန်းလိုပါတယ်။ ဒါဆိုရင် ကျန်နေသေးတဲ့ ရောဂါကွင်းဆက်လက်ကျန်တွေ၊ ရောဂါဆက်လက် ကူးစက်နိုင်တဲ့   အခွင့်အလမ်းက   နည်းသထက် နည်းပြီး တတိယလှိုင်းကာလကြီးကို အမြန်ဆုံး ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။