
နေပြည်တော် ဒီဇင်ဘာ ၂၈
ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၄၁)ကြိမ်မြောက် အစည်းအဝေး ကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ပိုးသတ် ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ပိုးသတ် ဆေး မှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌက ပိုးသတ်ဆေးများကို မဆင်မခြင် သုံးစွဲလာခြင်းကြောင့် ပိုးမွှား မဟုတ်သော ပိုးကောင်များ ထိခိုက် သေကျေစေခြင်း၊ ဖျက်ပိုးများကို ကာကွယ်သော မိတ်ဆွေပိုးများ၊ ငှက်များ၊ ငါးများနှင့် နို့တိုက် သတ္တဝါများ သေကျေ၍ကွင်းဆက် များ ပျက်စီးခြင်း၊ ရေနှင့်သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ မြေဆီလွှာအတွင်းရှိ တီကောင် အပါအဝင် ဇီဝမျိုးစုံနှင့် မြေဆီလွှာ အာဟာရများပျက်စီးကာ မြေဆီ လွှာ ကျန်းမာရေးကို ထိခိုက်စေပါ ကြောင်း၊ ပိုးသတ်ဆေးများ ကြိမ်ဖန်များစွာ ပက်ဖျန်းခြင်း ကြောင့် ဖျက်ပိုးများက ပိုးသတ် ဆေးကို ခံနိုင်စွမ်းရည်ရှိလာကြ ၍ နှိမ်နင်းရန် ခက်ခဲကြောင်း၊ ထို့ကြောင့် ပိုးသတ်ဆေးများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်း နှင့် မညီညွတ်ပါက မှတ်ပုံတင်ခွင့် ပေးမည်မဟုတ်ကြောင်း။
ထို့ကြောင့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာ အထောက်အကူရရှိရန် ကျွမ်းကျင်ပညာရှင်များ ပါဝင် သော နည်းပညာကော်မတီသို့ လိုအပ်သည့် သတင်းအချက် အလက်များကို ပြုစုတင်ပြခြင်း၊ စိစစ်သုံးသပ်အကြံပြုခြင်း၊ အရည် အသွေးစစ်ဆေးခြင်း၊ သီးနှံဖျက်ပိုး အပေါ် ထိရောက်စေနိုင်မှု(Efficacy) လူနှင့် အခြားအကျိုးပြုသတ္တဝါ များအပေါ် အဆိပ်သင့်နိုင်မှု (Toxicity) များကို စိစစ်သုံးသပ် အကြံပြုခြင်းများ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ပိုးသတ်ဆေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိသူများ၊ ဖောက်ဖျက် ကျူးလွန်သူများ လျော့နည်း ပပျောက်သွားသည်အထိ ပိုးသတ် ဆေးဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်သွား ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက် လာကြသူများက ပိုးသတ်ဆေးနည်းပညာ ကော်မတီ ဝင်များ စိစစ်တင်ပြလာသော ပိုးသတ်ဆေး အမျိုးပေါင်း ၁၀၉ မျိုးကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။ သတင်းစဉ်