
နေပြည်တော် မေ ၁၁
ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက စားသုံးသူ ဘေးကင်းလုံခြုံရေး၊ ဓာတ်ကြွင်း ကန့်သတ်ချက်များနှင့် ညီညွတ်သည့် ဈေးကွက်ဝင် ပို့ကုန်ဖြစ်စေရေးအတွက် စိုက်ပျိုး ထုတ်လုပ်ခြင်း၊ ထုပ်ပိုးသိုလှောင် ခြင်းလုပ်ငန်းများတွင် အရည် အသွေးမီ ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြုရန်လို ကြောင်း၊ တင်သွင်းသိုလှောင် ဖြန့်ချိသူ၊ ရောင်းဝယ်ဖောက်ကားသူအားလုံးအနေဖြင့် ပိုးသတ် ဆေးဆိုင်ရာ တည်ဆဲဥပဒေများ ကို တိကျစွာ လိုက်နာဆောင်ရွက် ရန် လိုအပ်ကြောင်း၊ ပိုးသတ်ဆေး သုံးစွဲသူများအနေဖြင့်လည်း မှတ်ပုံ တင်ထားသည့် မြန်မာဘာသာ အညွှန်းစာပါရှိသော ဆေးများကို သာ သုံးစွဲရန်နှင့် တရားမဝင် ပိုးသတ်ဆေးများနှင့် ပိုးသတ်ဆေး အတုအပများ တိုက်ဖျက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး ပညာပေးဆွေးနွေးခြင်း လုပ်ငန်း များ တိုးချဲ့ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ပိုးသတ်ဆေးမှတ်ပုံ တင်ခွင့် လျှောက်ထားလာမှုများ အား လုပ်ငန်းတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြပြီး အစည်းအဝေး တက်ရောက် လာကြသူများက အတည်ပြုပေးနိုင်ရေး ဆွေးနွေး ကြသည်။
ယနေ့ကျင်းပသည့် (၃၆)ကြိမ် မြောက် ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့ အစည်းအဝေးတွင် ပိုးသတ် ဆေး အမျိုးပေါင်း ၂၇၉ မျိုးအား အတည်ပြုပေးနိုင်ရေး ဆွေးနွေး ဆောင်ရွက်ခဲ့ကြပြီး (၃၅)ကြိမ် မြောက် ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့ အစည်းအဝေးပြီးဆုံးသည့် ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း ၃၈၉၇ မျိုးကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်သည်။
သတင်းစဉ်