ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

Type

 

မျိုးငြိမ်းငယ်
 

 

အရေးပါသည့်လုပ်ငန်းစဉ်တစ်ရပ်


မြန်မာ့ဒီမိုကရေစီ      အသွင်ကူးပြောင်းရေး၏ အရေးကြီးသောလုပ်ငန်းစဉ်များစွာအနက်မှ   တစ်ခု ကို ထုတ်နုတ်ပြပါဆိုလျှင်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို ညွှန်ပြရမည်ဖြစ်ပါသည်။ 

 


ငြိမ်းချမ်းရေးသည် အခြားသောနိုင်ငံရေး၊ စီးပွား ရေးတို့ကဲ့သို့သော အရေးကြီးကဏ္ဍများနှင့် ဆက်စပ် နေရာ  ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ  မြန်မာနိုင်ငံ အတွက် အဓိကလုပ်ငန်းစဉ်အဖြစ်  တွေ့ရပါသည်။ ငြိမ်းချမ်းရေးဟုဆိုသော်လည်း ပဋိပက္ခများ လျှော့ချ ရေး၊     ချုပ်ငြိမ်းရေးနှင့်    တည်ငြိမ်အေးချမ်းရေး ရည်မှန်းချက်များသာမက           အနာဂတ်နိုင်ငံ တည်ဆောက်ရေးနှင့် ရေရှည်တည်တံ့သောငြိမ်းချမ်း ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပါ ပူးတွဲလျက်ရှိသည်ကို တွေ့ရပါသည်။

 


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အများစုသည် သီးခြား ဆောင်ရွက်နိုင်သည့် ကိစ္စရပ်တစ်ခုအဖြစ် မတည်ရှိ တတ်ဘဲ       အခြားသောနိုင်ငံတည်ဆောက်ရေး ဆိုင်ရာကိစ္စများနှင့် လက်ယှက်ထိုး ဆက်စပ်နေ တတ်ကြပါသည်။    သို့ဖြစ်ရာ       ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်     လုပ်ငန်းနှင့်အတူ        နိုင်ငံရေးမှအစ ကျန်းမာရေး၊  ပညာရေး၊   လူမှုရေး အဆုံး အားလုံးအကျုံးဝင်နေသဖြင့်   အရေးပါသည့် လုပ်ငန်းစဉ်ဟု ဆိုရခြင်းဖြစ်ပါသည်။

 


ထို့ပြင်   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်  ရုပ်ပိုင်း ဆိုင်ရာကိုင်တွယ်ဖြေရှင်းရသည့်  လုပ်ငန်းသဘော မျိုးမဟုတ်ဘဲ  စိတ်ပိုင်းဆိုင်ရာ၊   အရည်အသွေးပိုင်း ဆိုင်ရာတို့နှင့်ပါ     ဆက်စပ်ပတ်သက်နေသည်ကို တွေ့ရပါသည်။ သို့ဖြစ်သည့်အတွက်  ခက်ခဲရှုပ်ထွေး သည့် အခြေခံလုပ်ငန်းစဉ်တစ်ရပ်ဟု ဆိုရမည်ဖြစ်ပါ သည်။

 


လူသားနှင့် ငြိမ်းချမ်းမှု


လူတို့၏  သဘောသဘာဝတွင်    ငြိမ်းချမ်းမှုကို လိုလားသည့်   စိတ်ဆန္ဒရှိကြပါသည်။   သို့အတွက် လည်း စိတ်၏ငြိမ်းအေးရာကို ရှာဖွေတတ်ကြသည်။ ကျင့်ကြံတည်ဆောက်တတ်ကြပါသည်။       စိတ် ငြိမ်းချမ်းမှ  ရုပ်လည်းငြိမ်းချမ်းမည့်သဘော  ဖြစ်ပါ သည်။     စိတ်ပူလောင်နေသမျှ    သောကများဖြင့် ရုပ်ခန္ဓာလည်း ပူလောင်နေပါလိမ့်မည်။ အပူသောက များဆိုသည်ကလည်း လူတိုင်းလိုလို၌ ရှိတတ်ကြစမြဲ ဖြစ်သည်။   ထိုသောကအပူ၊    လောကအပူများကို မည်သူကများ တရှိုက်မက်မက် ဖက်တွယ်မက်မော ကြမည်နည်း။ ထိုသောကအပူများကင်းရာ လောက ချမ်းသာ၊ လောက၏အေးငြိမ်းရာကို ရှာဖွေကြပါ၏။

 


လူသားတစ်ယောက်အတွက်      ငြိမ်းချမ်းမှု ဆိုသည်က သူ့ဘဝသက်တမ်းတစ်ခုစာအတွက်သာ ဖြစ်သည်။ လူ့သက်တမ်းဆိုသည်က မည်မျှကြာမည် နည်း။   သံသရာမဆိုထားဘိ   ကမ္ဘာ့သက်တမ်းနှင့် ယှဉ်လျှင်ပင် မျက်စိတစ်မှိတ်၊ လက်တစ်ဖျစ်အချိန်မျှ သာရှိပါသည်။ ကမ္ဘာပေါ်ရှိ လူ့သက်တမ်းနှင့် သတ္တဝါ အချို့၏သက်တမ်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ 

 


ဂင်းနစ်မှတ်တမ်းမဝင်သော်လည်း   ကမ္ဘာတွင် အသက်ရှည်ဆုံးလူသားဖြစ်သည့်       တရုတ်နိုင်ငံမှ li chin yuen  မှာ   အသက်   ၁၉၇ နှစ် (၂၅၆ နှစ်ဟု လည်းဆိုပါသည်) ထိ  အသက်ရှည်ခဲ့သည်။   ဂင်းနစ် မှတ်တမ်းများအရဆိုလျှင် ယနေ့အချိန်ထိ ကမ္ဘာတွင် အသက်ရှည်ဆုံးလူသားမှာ ၁၉၉၇ ခုနှစ်က အသက် ၁၂၂ အရွယ်တွင် သေဆုံးသွားခဲ့သော ပြင်သစ်နိုင်ငံမှ ဂျင်းနီလူးဝှစ်ကလဲမင့်ဖြစ်ပါသည်။  လူသားမဟုတ် သည့်  သတ္တဝါများထဲတွင်   Jellyfish (ဂျယ်လီငါး)  ကို    ဇီဝဗေဒအရ    မသေနိုင်သောသတ္တဝါအဖြစ် သတ်မှတ်ထားပါသည်။   Ocean  Quahogs   ၏ သက်တမ်းမှာ နှစ်ပေါင်း ၅၀၀ ကျော်အထိ ရှင်သန် နိုင်ပြီး ဂရင်းလန်ငါးမန်းများသည် အသက် ၃၀၀ မှ ၅၀၀ အထိ ရှင်သန်နိုင်သော ကျောရိုးရှိသတ္တဝါအဖြစ် တွေ့ရပါသည်။    ယင်းသတ္တဝါများနှင့်စာလျှင်ပင် လူသားသက်တမ်းမှာ တိုတောင်းလှပါသည်။ 

 


လူတစ်ဦး၏    တစ်ဘဝစာငြိမ်းချမ်းရေးသည် တိုတောင်းသော်လည်း   လူမှုအဖွဲ့အစည်းတစ်ခု၏ ငြိမ်းချမ်းရေး၊ နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးဆိုသည် က စဉ်ဆက်မပြတ်သောမျိုးဆက်များဖြင့် စဉ်ဆက် မပြတ်တည်ဆောက်နေကြရမည့်   ရေရှည်လုပ်ငန်း စဉ်ဖြစ်ပါသည်။

 


လူ့အဖွဲ့အစည်းငြိမ်းချမ်းရေး


သို့အတွက်လည်း လူသားသမိုင်းတစ်လျှောက် မိမိတို့၏ဘဝငြိမ်းချမ်းမှုကို တစိုက်မတ်မတ် ရှာဖွေ ခဲ့ကြသည်။ ယနေ့ထက်တိုင်လည်း   ရှာဖွေနေဆဲ ဖြစ်သည်။          တစ်ဦးချင်း၏ငြိမ်းချမ်းမှုမှသည် လူ့အဖွဲ့အစည်းနှင့်  စုစည်းနေထိုင်လာကြသည့်အခါ တစ်ဦးတစ်ယောက်ချင်း     ငြိမ်းချမ်းခြင်းသာမက သက်ဆိုင်ရာလူ့အဖွဲ့အစည်းအတွင်း  ငြိမ်းချမ်းရေး သည်လည်း အဓိကလိုအပ်ချက်ဖြစ်လာပါသည်။ 

 


လူ့အဖွဲ့အစည်းများဆိုသည်က       လူသားများ ရှိနေသရွေ့ရှိနေပါဦးမည်။        လူတစ်ဦးချင်းစီ၏  ငြိမ်းချမ်းရေးသည်ပင်လျှင်   များစွာအရေးကြီးနေပါ က  လူများစုစည်းနေထိုင်ကြသော လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးမှာ  ထိုထက်ပို၍  အရေးကြီးမည်ဖြစ်ပါ သည်။    လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းမှလည်း ယင်းအဖွဲ့အစည်းအတွင်း   စုပေါင်းနေထိုင်ကြသော   လူတစ်ဦးချင်းစီ၏ဘဝများမှာ  လုံခြုံအေးချမ်းစွာဖြင့်   ရှင်သန်ရပ်တည်နိုင်မည်ဖြစ်ပါသည်။   ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတွင်၌သာ   လုံခြုံမှု၊    အေးချမ်းမှု၊ တည်ငြိမ်မှု၊  သာယာမှု၊  ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင် မည်ဖြစ်ပါသည်။ 

 


ပဋိပက္ခကိုင်တွယ်ဖြေရှင်းရေး


လူသားနှင့်ပဋိပက္ခဆိုသည်မှာ ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့်ပန်းပမာဖြစ်ပါသည်။ လူသားနှင့် ပဋိပက္ခ ဆိုသည်မှာ  ခွဲခြားရန်ခက်ခဲပါသည်။   အမေရိကန် သမ္မတဟောင်း   ရော်နယ်ရီဂင်  ပြောကြားခဲ့သည့် ငြိမ်းချမ်းရေးဆိုသည်မှာ     ပဋိပက္ခများမရှိခြင်းဟု မဆိုလို၊ ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းလမ်း များဖြင့်       ကိုယ်တွယ်ဖြေရှင်းနိုင်စွမ်းဖြစ်သည် ဆိုသည့်စကားတွင်  ငြိမ်းချမ်းရေးနှင့်   ပဋိပက္ခများ အကြား  ဟန်ချက်မျှစေသည့်  နည်းလမ်းတစ်ရပ်ကို ဖော်ပြနေပါသည်။ 

 

ယင်းစကားနှင့်အတူ မဟတ္တမဂန္ဒီ  ပြောကြား ခဲ့သည့်    “ကိုယ့်မျက်လုံးတစ်လုံး    ဖျက်ဆီးခံရလို့ သူ့ရဲ့မျက်လုံးတစ်လုံး    ပြန်ဖျက်ဆီးကြမယ်ဆိုရင် ကမ္ဘာကြီးကို      မျက်စိကန်းစေရုံသာဖြစ်မှာပေါ့   (An eye for an eye only ends up making the whole  world  blind.) ”      ဆိုသည့်စကားသည် ရော်နယ်ရီဂင်၏စကားကဲ့သို့ပင်   ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင်   ရှောင်ကြဉ်သင့်သည့်အချက်ကို ဆင်ခြင်နိုင်ပါသည်။   ငြိမ်းချမ်းရေးသည်  ကမ္ဘာကြီး အား  မျက်စိကန်းစေရန်မဟုတ်  မျက်စိပိုမိုပွင့်လင်း လာစေရန်ဖြစ်ပါသည်။

 


သို့ဖြစ်ရာ   လူသားတို့နှင့်    အတူယှဉ်တွဲကာ တည်ရှိနေမည့်    ပဋိပက္ခများကို   မှန်မှန်ကန်ကန် ရှုမြင်ချဉ်းကပ်၍ ကိုင်တွယ်ဖြေရှင်းမှသာ ရည်မှန်း သော ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။

 


ငြိမ်းချမ်းရေးတည်ဆောက်ခြင်း


ငြိမ်းချမ်းရေးတည်ဆောက်ခြင်းသည် ပဋိပက္ခ များကို   အကြမ်းမဖက်သော    နည်းလမ်းများဖြင့် ဖြေရှင်းရန်နှင့်   သေကျေပျက်စီးမှုများ  သို့မဟုတ် အပျက်သဘော        ပဋိပက္ခများကိုဖြစ်စေသည့် ယဉ်ကျေးမှုနှင့်       အမူအကျင့်အခြေအနေများကို ပြောင်းလဲရန်    ရည်ရွယ်သောလုပ်ငန်းစဉ်ဟုဆိုပါ သည်။ ယင်းလုပ်ငန်းစဉ်တွင် အကြမ်းဖက်မှုကာကွယ် တားဆီးရေး၊ ပဋိပက္ခစီမံခန့်ခွဲမှု၊ သဘောတူညီချက် သို့မဟုတ်   ပြောင်းလဲခြင်းတို့အပြင်   အကြမ်းဖက်မှု များဖြစ်ပွားပြီး ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက် ကုစားရမည့်         ပြင်းထန်သောတုန်လှုပ်ခံစားမှု သို့မဟုတ်     ပဋိပက္ခလွန်    ရင်ကြားစေ့ရေးတို့ပါဝင် ပါသည်။

 


အသွင်ကူးပြောင်းသည့်နိုင်ငံများတွင်   တွေ့ရ သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် သက်ဆိုင် ရာနိုင်ငံ၏ အခြေအနေအလိုက် ကွဲပြားခြားနားမှုများ ရှိကြပါသည်။ မိမိတို့နိုင်ငံ၏ အခြေအနေအလိုက် လုပ်ဆောင်ရသည့်လုပ်ငန်းစဉ်များ၏ အတိမ်အနက် သည်လည်း ကွာခြားကြပါသည်။  နိုင်ငံ၏ တည်ရှိဆဲ ပဋိပက္ခအတိမ်အနက်၊     ကြာရှည်မှု၊    အရင်းခံ အကြောင်းတရားများ၊   ပါဝင်ပတ်သက်နေသူများ၊ လိုလားချက်များ စသဖြင့်ဆက်စပ်ထည့်သွင်းစဉ်းစား ရမည့် အပိုင်းကဏ္ဍများအလိုက် မတူညီကြသည်ကို တွေ့ရပါသည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးတည်ဆောက် မှုသည်  ပဋိပက္ခ၏အတိမ်အနက်အလိုက်  လုပ်ငန်း စဉ်မှာလည်း ကျယ်ပြန့်နက်နဲတတ်ကြပါသည်။

 


၂၀၀၇ ခုနှစ်က  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၏ မူဝါဒကော်မတီက    ငြိမ်းချမ်းရေးတည်ဆောက်မှု အား    “ငြိမ်းချမ်းရေးတည်ဆောက်မှုတွင်   ပဋိပက္ခ စီမံခန့်ခွဲမှုဆိုင်ရာ   အဆင့်တိုင်းရှိ   အမျိုးသားအဆင့် စွမ်းဆောင်ရည်များမြှင့်တင်ခြင်းဖြင့် ပဋိပက္ခများချုပ်ငြိမ်းသွားစေရန်   သို့မဟုတ်    ပဋိပက္ခအဖြစ်သို့        ပြန်လည်ရောက်ရှိနိုင်ခြေကို လျှော့ချရန်နှင့် ရေရှည် တည်တံ့သောငြိမ်းချမ်းရေးနှင့်         ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအခြေခံအုတ်မြစ်များ   ချမှတ်ရန်တို့ အတွက်  ရည်မှန်းထားသောအစီအမံများစွာ  ပါဝင် ပါကြောင်း” ဖော်ပြထားပါသည်။

 


သို့ဖြစ်ရာ   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ သည် ကျယ်ပြန့်လှသည့်လုပ်ငန်းစဉ်ဖြစ်ရာ       စိတ်ရှည် သည်းခံမှု၊  အစဉ်တစိုက်လုပ်ဆောင်မှု၊   ပူးပေါင်း ဆောင်ရွက်မှု၊  အပြန်အလှန်နားလည်မှု၊   ဖြေရှင်း သည့်နည်းလမ်း၊     စိတ်သဘောထားကဲ့သို့သော စွမ်းဆောင်ရည်များ လိုအပ်လာပါသည်။ ထိုလိုအပ် ချက်များသည် မိမိတို့နိုင်ငံတစ်နိုင်ငံတည်းတွင်သာ လိုအပ်နေသည့်      စွမ်းဆောင်ရည်များမဟုတ်ဘဲ အခြားနိုင်ငံများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လည်း   အလားတူကြုံတွေ့ကြရသည့်   လိုအပ် ချက်များဖြစ်ပါသည်။    ထိုစွမ်းဆောင်ရည်များ ဖြည့်ဆည်းနိုင်သည်နှင့်အမျှ လုပ်ငန်းစဉ်ချောမွေ့မှု၊ ရေရှည်တည်တံ့မှု၊ နိုင်ငံသားများ၏လိုလားချက်များ ဖြည့်ဆည်းနိုင်မှုကဲ့သို့သော    ရည်မှန်းချက်များ ပြည့်ဝလာမည်ဖြစ်ပါသည်။    

 


ထို့ပြင်   ဗျူဟာမြောက်ငြိမ်းချမ်းရေး   တည် ဆောက်မှုသည်  ရေတိုလုပ်ဆောင်ရသည့်  လုပ်ငန်း စဉ်မဟုတ်ဘဲ  မျိုးဆက်များ စဉ်ဆက်လုပ်ဆောင် ကြရပါသည်။     သို့မှသာ      ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။

 


နိုင်ငံတည်ဆောက်မှုနှင့် ငြိမ်းချမ်းရေး


နိုင်ငံတစ်နိုင်ငံတည်ဆောက်ရန်   သို့မဟုတ် ပြန်လည်ထူထောင်ရန်အတွက် အုပ်ချုပ်ရေး၊ စီးပွား ရေး၊ ပညာရေး၊  ကျန်းမာရေးကဲ့သို့သော   အခြေခံ လိုအပ်ချက်များစွာရှိသည့်အနက်   ငြိမ်းချမ်းရေး မှာလည်း  မရှိမဖြစ် လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ငြိမ်းချမ်းသော         လူ့အဖွဲ့အစည်းများတွင်သာ တည်ငြိမ်မှု၊   အေးချမ်းမှု၊   စီးပွားရေး၊   ပညာရေး၊ လူမှုရေး     စသည့်နိုင်ငံတည်ဆောက်ရေးဆိုင်ရာ ကဏ္ဍများကို ထိထိရောက်ရောက်အကောင်အထည် ဖော်နိုင်မည်ဖြစ်ပေသည်။ 

 


ငြိမ်းချမ်းမှုတည်ဆောက်ရေးနှင့်          နိုင်ငံ တည်ဆောက်ရေးသည်   မတူကွဲပြားသော်လည်း ယင်းလုပ်ငန်းစဉ်များသည်   တစ်ခုနှင့်တစ်ခုဆက်စပ် လျက်ရှိကြပြီး      တစ်ခါတစ်ရံ       တစ်ခုနှင့်တစ်ခု လုပ်ငန်း  လက်ယှက်ထိုးဖြစ်နေတတ်ကြပါသည်။ ထိုလုပ်ငန်းစဉ်များသည်   နိုင်ငံ၏စွမ်းဆောင်ရည် မြှင့်တင်မှု၊ တရားဝင်မှု၊ တာဝန်ခံမှုနှင့် တုံ့ပြန်နိုင် စွမ်းများကို  တည်ဆောက်ရာတွင်   အထောက်အကူ ဖြစ်စေပါသည်။ ထိုလုပ်ငန်းစဉ်များ၏ အပြန်အလှန် ဆက်စပ်နေမှုနှင့် မတူညီသောလုပ်ငန်းစဉ်များသည် ပဋိပက္ခများ ကိုင်တွယ်ဖြေရှင်းရာတွင် လည်းကောင်း၊  ငြိမ်းချမ်းရေးနှင့်      တည်ငြိမ်မှုတိုးတက်စေရန် အတွက်လည်းကောင်း     မရှိမဖြစ်လိုအပ်ကြပါ သည်။


ထို့ပြင်   နိုင်ငံ၏အနာဂတ်   ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့်    နိုင်ငံနှင့်    လူမှုအဖွဲ့အစည်းများ အကြား ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်နေ သည်ဖြစ်ရာ အသွင်ကူးပြောင်းဆဲ  နိုင်ငံတစ်နိုင်ငံ အတွက် လုံခြုံရေး၊ တည်ငြိမ်ရေး၊ နိုင်ငံပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်သည့်   လုပ်ငန်းစဉ်များဖြစ်ကြပါ သည်။

 


အားလုံးပါဝင်မှု


နိုင်ငံတစ်နိုင်ငံ၏   ငြိမ်းချမ်းရေးတည်ဆောက် မှုမှာ    သက်ဆိုင်သူအားလုံး၏   အကျိုးစီးပွားနှင့် ဆက်စပ်နေပါသည်။ လတ်တလောအကျပ်အတည်း များ    လျှော့ချရေး၊    ဖြေရှင်းရေးအတွက်သာမက အနာဂတ်နိုင်ငံတည်ဆောက်ရေးနှင့်      စဉ်ဆက် မပြတ်   ငြိမ်းချမ်းမှုရှိစေရန်အတွက် လုပ်ဆောင်ခြင်း  ဖြစ်ရာ အားလုံး၏ပူးပေါင်းလုပ်ဆောင်မှုလိုအပ်ပါ သည်။ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်ပတ်သက်၍ အိုင်းစတိုင်း၏စကားမှာ   မှတ်သားဖွယ်ဖြစ်သည်။ ငြိမ်းချမ်းရေးသည်   အင်အားသုံး၍ မထိန်းသိမ်းနိုင်၊ နားလည်မှုဖြင့်သာ   အောင်မြင်နိုင်သည်ဟု    ဆိုပါ သည်။   သက်ဆိုင်သူအားလုံး၏    အပြုသဘော လုပ်ဆောင်မှုများဖြင့်သာ      ထိရောက်သော ငြိမ်းချမ်းရေးအကျိုးရလဒ်ကို    ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။ 

 


ငြိမ်းချမ်းရေးသည်      လူသားတို့၏ဘဝအစိတ် အပိုင်းတစ်ခုဖြစ်သကဲ့သို့  လူတိုင်းမက်မောတမ်းတ သော အရာတစ်ခုလည်း ဖြစ်ပါသည်။ မိမိတို့လိုလား သကဲ့သို့    အခြားသူများလည်း    လိုလားကြမည် ဖြစ်သည်။   လူ့အဖွဲ့အစည်းတစ်ခုလုံး    ငြိမ်းချမ်း၍ အေးချမ်းတည်ငြိမ်သော     အသိုက်အဝန်းတစ်ခု တည်ဆောက်ရန်ဆိုပါက  တစ်ဦးချင်းစီ၏အရေးပါမှု ကို    သတိပြုကြရပါမည်။   ယင်းနှင့်ပတ်သက်၍ တရုတ်-အမေရိကန် စာရေးဆရာ Deng Ming Dao က လူတစ်ဦးချင်းစီ၏ ငြိမ်းချမ်းရေးသည် သေးငယ် ၏။ စုစည်းနေထိုင်ကြသော လူများစွာ၏ငြိမ်းချမ်းရေး သည် ကြီးမား၏။

 


မိမိကိုယ်မိမိ လူ့အဖွဲ့အစည်းနှင့် သဘာဝတရား ကြီးမှ     ခွဲထွက်လိုက်သည်ဟု     မြင်ကြည့်သည့်အခါ အကြမ်းဖက်မှုများနှင့်     ရန်ပွဲများဖြစ်ပေါ်လာမည် ဖြစ်သည်။  အလုံးစုံစည်းလုံးညီညွတ်မှုတွင်    ပါဝင် နေသည့်  မိမိတို့၏အခန်းကဏ္ဍကို နားလည်မှသာ ငြိမ်းချမ်းရေးသည်       အတိုင်းအတာတစ်ခုအထိ ဖြစ်နိုင်ခြေရှိသည်ဟု      လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုတွင်   တစ်ဦးချင်းစီ၏ အရေးပါမှုကို ရေးသားခဲ့ပါသည်။   ထိုသို့အရေးပါလှ သည့် တစ်ဦးချင်းစီ၏ စုပေါင်းစွမ်းအားဖြင့် ငြိမ်းချမ်း ရေးကို ဆောင်ကြည်းနိုင်ပါသည်။

 


သို့ဖြစ်ရာ တစ်ဦးချင်းစီ၏အရေးပါမှုဖြင့် ပြိုင်တူ တွန်းပါက  ငြိမ်းချမ်းရေးပန်းတိုင်သို့    မလွဲမသွေ ရောက်ရှိနိုင်ပါကြောင်း             အကြံပြုရေးသားလို ပါသည်။       ။