ပိုမိုထိရောက်မှုရှိသည့် Core Banking စနစ်ကျင့်သုံး၍ ငွေကြေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်

နေပြည်တော် မတ် ၁၀ မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။ အထောက်အကူပြုလျက်ရှိ အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံပိုင်ဘဏ်များ အနက် အကြီးဆုံးဘဏ်ဖြစ်ပြီး နိုင်ငံအနှံ့တွင် ဘဏ်ခွဲ ပေါင်းများစွာဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေ သည့် ဘဏ်ကြီး တစ်ဘဏ်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အတွက် ဘဏ္ဍာငွေအရင်းအမြစ်များကို တည်ဆဲ ဘဏ်ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ တိုးမြှင့်စုစည်းပြီး စီးပွားရေးကဏ္ဍ အသီးသီးအတွက် ချေးငွေများ ပံ့ပိုးပေးခြင်း၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးခြင်းတို့ဖြင့် နိုင်ငံ တော်၏ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် စီးပွားရေး မူဝါဒ ထိရောက်စွာ အကောင်အထည်ဖော်မှုကို အထောက်အကူပြုလျက်ရှိကြောင်း။ ယခုညှိနှိုင်းအစည်းအဝေးတွင် ပြီးခဲ့သည့် ၆ လ ဘဏ္ဍာရေးနှစ်၏ လုပ်ငန်းဆောင်ရွက်မှုများမှ အားသာချက်နှင့် အားနည်းချက်များကို သုံးသပ် ဖော်ထုတ်ပြီး ဘဏ်ခွဲတစ်ခုချင်းအလိုက် ဘဏ်၏ မူဝါဒ၊ ရည်မှန်းချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့မှုကို ညှိနှိုင်းဆွေးနွေးကြရန် ဖြစ်ကြောင်း၊ အားနည်းချက်နှင့် အားသာချက်များကို အခြေခံ၍ လာမည့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပိုမိုပံ့ပိုးဆောင်ရွက် ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း စီစဉ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများ စနစ်တကျရှိရေးနှင့် ငွေကြေးအလွဲ သုံးစားမှုများ မဖြစ်ပေါ်စေရေးအတွက် ဘဏ်ခွဲများ အား ထိရောက်စွာစစ်ဆေး ကြီးကြပ်ဆောင်ရွက် ရန်လိုကြောင်း ပြောကြားသည်။ ကြိုးပမ်းဆောင်ရွက် ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက Non-Performing Loan (NPL) ကြွေးကျန်များ ကျဆင်း လာရေးနှင့် ထိရောက်စွာကောက်ခံရရှိရေး ကိစ္စ များကို စဉ်ဆက်မပြတ် အလေးအနက်ထားပြီး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ငွေကြေး အလွဲသုံးစားမှုများ၊ အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ မဖြစ်စေရေးအတွက် ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများကို စီမံချက်နှင့်အညီ လစဉ်ထိရောက်စွာ ကြီးကြပ် စစ်ဆေးဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဘဏ်ခွဲ မန်နေဂျာများအနေဖြင့် လက်ရှိအခြေအနေတွင် ငွေသားထုတ်ယူမှု များပြားပြီး အကန့်အသတ်ဖြင့် ထုတ်ပေးနေရခြင်းအပေါ် သတ်မှတ်ထုတ်ပြန်ထား သည့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ယခုအခါ ဘဏ်လုပ်ငန်းကဏ္ဍတွင် ငွေသားထုတ်ပေးမှုများ ယခင်ကထက် ပိုမိုတိုးတက်လာသည့် အခြေအနေ ကောင်းတစ်ခုသို့ ထိန်းသိမ်းဆောင်ရွက်လာနိုင် သည်ကို တွေ့ရကြောင်း၊ အခက်အခဲများကြားတွင် ဝန်ထမ်းများအားလုံး စုစည်းညီညွတ်စွာဖြင့် ကြံ့ကြံ့ခံ ရပ်တည်ပြီး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ခြင်းအား အသိအမှတ်ပြုပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်မှုများရှိသကဲ့သို့ တစ်ဖက်တွင်လည်း ဘဏ်လုပ်ငန်းများကို digital စနစ်ဖြင့်ဆောင်ရွက် သည့် e-Payment နှင့် Online Banking များဖြင့် ဆောင်ရွက်မှုများကြောင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များကို ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်သည်ကို တွေ့ရကြောင်း၊ ဆက်လက်၍လည်း ပိုမိုထိရောက်မှု ရှိသည့် Core Banking စနစ်ကျင့်သုံး၍ ငွေကြေး နှင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း။ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် အချို့နယ်မြေဒေသများ၏ လုံခြုံရေးအခြေ အနေအရ တာဝန်ထမ်းဆောင်နေကြသည့်ဝန်ထမ်း များအနေဖြင့် ဝန်ထမ်းလုံခြုံရေး၊ ဘဏ်လုံခြုံရေး၊ ငွေသားလုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးများကို အထူး သတိထားပြီး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကြီးကြပ်သူဝန်ထမ်းများအနေဖြင့် အောက်ခြေ ဝန်ထမ်းများနှင့်မပြတ် ထိတွေ့ပြီး လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်သွားရန် မှာကြားလိုကြောင်း။ ပြည်သူ့ဝန်ထမ်းကောင်းများပီပီ ကိုယ်ချင်းစာ စိတ်ဖြင့် ပြည်သူကို အလုပ်အကျွေးပြုကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပိုမိုဖြည့်ဆည်းဆောင်ရွက် ပေးခြင်းဖြင့် ပြည်သူများက အားကိုးယုံကြည်စိတ်ချ ရသည့် မြန်မာ့စီးပွားရေးဘဏ်၏ ဂုဏ်သတင်းကို ပိုမိုမြှင့်တင်ပေးကြရန် မှာကြားလိုကြောင်း ပြောကြား သည်။ အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ မြန်မာ့စီးပွားရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တာဝန်ခံမန်နေဂျာ များ တက်ရောက်ကြကြောင်း သိရသည်။ သတင်းစဉ်