
ဘန်ကောက် ဇန်နဝါရီ ၁၃
ပြိုလဲနေသောခရီးသွားလုပ်ငန်းကို ပြန်လည်ရှင်သန် ရန် ကြိုးစားသည့်အနေဖြင့် ထိုင်းနိုင်ငံသည် နိုင်ငံခြားသား ခရီးသည်များအတွက် ဝင်ကြေးပေး ရသည့်အစီအစဉ်တစ်ခုကို စတင်လိုက်သည်။
အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၂ ရက်က ထိုင်းနိုင်ငံသည် ဧပြီလမှစပြီး နိုင်ငံခြား သားတစ်ဦးလျှင် ထိုင်းဘတ် ၃၀၀ သို့မဟုတ် အမေရိကန် ဒေါ်လာ ၉ ဒေါ်လာ ဝင်ကြေးကောက်ခံရန် စီစဉ်ထားကြောင်း ပြောကြားလိုက်သည်။
အဆိုပါ ရရှိလာသော ရန်ပုံငွေများကို ခရီးသွား အာမခံနှင့် နိုင်ငံခြားသားဆွဲဆောင်ရာနေရာများကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ရာတွင် အသုံးပြုသွား မည်ဖြစ်သည်။ ယခုနှစ်တွင် နိုင်ငံခြားသား ၁၅ သန်း ကို ဆွဲဆောင်နိုင်ရန် မျှော်မှန်းထားကြောင်းနှင့် အမေရိကန်ဒေါ်လာ အနည်းဆုံး ၂၄ ဘီလီယံရရှိရန် လျာထားကြောင်း သက်ဆိုင်ရာအရာရှိများက ပြော ကြားလိုက်သည်။
သို့သော်လည်း အဆိုပါအစီအစဉ်သည် တချို့ ကမ္ဘာလှည့်ခရီးသွားများကို ဝန်ဆောင်မှုပေးနေသော အော်ပရေတာများအတွက် သင့်တော်သောအချိန်မဟုတ်သေးကြောင်း သိရသည်။ ထိုင်းခရီးသွား အေးဂျင့်အဖွဲ့က အဆိုပါဝင်ကြေးကောက်ခံမှုသည် ခရီးသွားယုံကြည်ချက်ကို နှောင့်နှေးမှုများဖြစ်ပေါ်စေ မည်ဖြစ်ကြောင်းနှင့် ခရီးသွားများကို ဖယ်ကြဉ်စေ မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများအတွက် နိုဝင်ဘာလမှစကာ ကွာရန်တင်းပြဋ္ဌာန်းချက်ကို တဖြည်းဖြည်း ဖြေလျှော့ပေးလျက်ရှိသည်။ သို့သော် လည်း အိုမီခရွန်ဗိုင်းရပ်စ် လျင်မြန်စွာ ကူးစက်ပျံ့နှံ့ မှုကို ရင်ဆိုင်ရန်အတွက် လိုအပ်ချက်များကို လွန်ခဲ့ သောလက ပြန်လည်ပြဋ္ဌာန်းခဲ့သည်။
ဇန်နဝါရီ ၁၃ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားသူသစ် ၈၀၀၀ ကျော်ရှိလာကြောင်း အာဏာ ပိုင်များက ပြောကြားလိုက်သည်။
အင်န်အိတ်ချ်ကေ