ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဧပြီ   ၁၂ 


နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်မှုအနေဖြင့်    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ    ကုန်သည်များနှင့် စက်မှုလက်မှု   လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တို့ ပူးပေါင်း စီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ယနေ့ တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း များဖြစ်သော     မြန်မာ့စက်မှု ဆိပ်ကမ်း   (MIP-2)၊     မင်းထက် မင်း    (MHM)       ဆိပ်ကမ်းနှင့် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း- ၃ (AIPT - 3)  တို့မှ   သင်္ဘော လေးစင်းဖြင့် ပြောင်းဖူးစေ့တန်ချိန် ၃၉၅၀၀ တင်ပို့ခဲ့သည်။ 


အလားတူ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT-3) မှ ရေထွက်ကုန် ပစ္စည်းများ၊ ဆန်၊ ပဲတို့ တင်ဆောင်ထွက်ခွာသွားသည်။ ထို့အပြင် ဧပြီ ၁၃ ရက်တွင် မင်းထက်မင်း (MHM) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန်  ၂၇၀၀ ၊ ဆူးလေဆိပ်ကမ်း (SPW-6) မှ ပြောင်းဖူးစေ့တန်ချိန် ၂၅၀၀၀၊ ဧပြီ ၁၅ ရက်တွင်  ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal TMT 1)  ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀၀၊ Yangon International Gateway Terminal (YIGTA) ဆိပ်ကမ်းမှ  ပြောင်းဖူး စေ့တန်ချိန် ၁၄၅၀၀ ၊ Wilmer Myanmar Port Terminal (WILMAR) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ တို့ကို ဆက်လက်တင်ပို့သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။                                  

သတင်းစဉ်