
၂၀၂၄ ခုနှစ်၊ ဧပြီ ၄
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် မဟာသင်္ကြန်ကာလ (၁၃.၄.၂၀၂၄) ရက်နေ့မှ (၂၁.၄.၂၀၂၄)ရက်နေ့ အတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ဧပြီလ ၁၃ ရက်နေ့နှင့် ဧပြီလ ၂၂ ရက်နေ့တို့ တွင် အထူးရထားများကို ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ပြီး သင်္ကြန် အကြိုနေ့ ဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့မှ သင်္ကြန်အတက်နေ့ ဖြစ်သည့် ၁၆ ရက်နေ့အထိ လူစီးအမြန်ရထားအချို့ ပြေးဆွဲမှု ခေတ္တရပ်နားထား မည်ဖြစ်ပါသည်။
လက်ရှိပြေးဆွဲပေးနေသော ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန်ရထားနှင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းအတွင်း အမှတ်(၈၁)အဆန်၊ အမှတ်(၈၂)အစုန်ရထားများကို ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်များကို အောက်ပါနေ့ရက်များတွင် အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည် ဖြစ်ပါသည်-
စဉ် ရထားအမှတ် ခရီးစဉ် ထွက်ရောက်ချိန် ပြေးဆွဲမည့် နေ့ရက်
မှ ထိ ထွက်ချိန် ရောက်ချိန်
၁ အဆန်အထူးရထား ရန်ကုန် မော်လမြိုင် ၀၇:၄၅ ၁၇:၄၅ ၁၁.၄.၂၀၂၄
၁၂.၄.၂၀၂၄
၁၃.၄.၂၀၂၄
၂၀.၄.၂၀၂၄
၂၁.၄.၂၀၂၄
၂၂.၄.၂၀၂၄
၂ အစုန်အထူးရထား မော်လမြိုင် ရန်ကုန် ၀၉:၁၅ ၁၉:၁၀
၃ အဆန်အထူးရထား ရန်ကုန် ပြည် ၁၃:၀၀ ၂၀:၅၅
၄ အစုန်အထူးရထား ပြည် ရန်ကုန် ၂၂:၃၀ ၀၆:၃၀
၅ အဆန်အထူးရထား ရန်ကုန် မန္တလေး ၁၀:၀၀ ၀၃:၁၀ ၁၂.၄.၂၀၂၄
၁၉.၄.၂၀၂၄
၂၁.၄.၂၀၂၄
၆ အစုန်အထူးရထား မန္တလေး ရန်ကုန် ၂၁:၃၀ ၁၄:၄၀
ရထားစီး ခရီးသွားပြည်သူများအား အထက်တန်းလက်မှတ်အား(၃)ရက်၊ ရိုးရိုးတန်း လက်မှတ်အား(၁)ရက်ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ် ကြောင်းနှင့် နေပြည်တော်မှ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မြန်မာ့မီးရထား၊ စီးပွားရေးဌာန၊ ခရီးသည်ဌာနခွဲတွင် လျှောက်လွှာဖြင့် ကြိုတင် ဝယ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။ မြန်မာ့မီးရထား