ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အားပေး

 

နေပြည်တော်   ဖေဖော်ဝါရီ   ၉


မြန်မာ့ရိုးရာယဉ်ကျေးမှု    အစဉ် အလာများနှင့်အညီ  ပို့ဆောင်ရေး နှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထမနဲထိုးပြိုင်ပွဲကို  ယနေ့ညပိုင်း က   နေပြည်တော်ရှိ      မြန်မာ့ မီးရထားဘူတာကြီး၌      ကျင်းပသည်။ 

 


အခမ်းအနားသို့        ဒုတိယ ဝန်ကြီးချုပ်နှင့်     ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင် စန်း၊         ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့်    ဌာန အကြီးအကဲများ၊     ဝန်ကြီးဌာန လက်အောက်ရှိဌာနများမှ  ပြိုင်ပွဲ ဝင်   အသင်းများ၊  ဝန်ထမ်းများ တက်ရောက်အားပေးကြသည်။

 


ဦးစွာ   ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မြန်မာ့ရိုးရာ    ယဉ်ကျေးမှုအစဉ် အလာကောင်းများကို လက်ဆင့် ကမ်း   ထိန်းသိမ်းစောင့်ရှောက် သည့်အနေဖြင့်    ယခုထမနဲထိုး ပြိုင်ပွဲကို   ကျင်းပရခြင်း    ဖြစ် ကြောင်း၊ မိမိတို့  ဘိုးဘွားအစဉ် အဆက် လက်ဆင့်ကမ်း ထိန်းသိမ်း လာခဲ့သည့်အတွက်   မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊       မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှုတို့    တည်တံ့ နေခြင်းဖြစ်ကြောင်း၊  ယဉ်ကျေးမှု ကွယ်ပျောက်လျှင်       လူမျိုးနှင့် ဘာသာစာပေလည်း ပျောက်ကွယ် မည်ဖြစ်ကြောင်း၊     မျိုးချစ်စိတ်  ရှိသူတိုင်းက        မိမိတို့အစဉ်အလာ ကောင်းများကို    မပျောက်ပျက် အောင်  ကြိုးပမ်းလေ့ရှိကြောင်း၊ မိမိတို့     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊    ဦးတည်ချက်   (၁၂) ရပ် ချမှတ်    ဆောင်ရွက်လျက်ရှိရာ လူမှုရေး      ဦးတည်ချက်တွင် “တိုင်းရင်းသား   လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း    အစဉ်အလာ များကို     လေးစားလိုက်နာပြီး အမျိုးသားရေး       စိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက် လက္ခဏာများ    မပျောက်ပျက် အောင်   ထိန်းသိမ်းစောင့်ရှောက်ရေး” အချက်လည်းပါရှိကြောင်း၊  ထမနဲ ထိုးခြင်းသည်   တစ်ဦးကောင်း  တစ်ယောက်ကောင်းနှင့် ဆောင် ရွက်နိုင်သည့်   ကိစ္စမဟုတ်ဘဲ      အားလုံးတက်ညီလက်ညီ စိတ်အား ထက်သန်စွာဖြင့်   ဆောင်ရွက်မှ သာ  အောင်မြင်နိုင်သည့်အတွက်     အချင်းချင်း စည်းလုံးညီညွတ်စွာ ဖြင့် ဆောင်ရွက်ကြရန်  မှာကြား လိုကြောင်းပြောကြားကာ   ပြိုင်ပွဲ အစီအစဉ်များကို စတင်ခဲ့သည်။ 

 


ယခုကျင်းပသည့်    ထမနဲထိုး ပြိုင်ပွဲသို့  နေပြည်တော် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ ပြိုင်ပွဲဝင်အသင်း ရှစ်သင်း ပါဝင် ယှဉ်ပြိုင်ကြကာ အနိုင်ရရှိသည့်      အသင်းများကိုဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်