“ပိတောက်လက်ဆောင်” တေးဂီတ ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   မတ်   ၃၀
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီ အစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “ပိတောက်လက်ဆောင်” တေးဂီတဖျော်ဖြေပွဲကို  ဧပြီ ၁ ရက် (သောကြာနေ့) ည ၈ နာရီ သတင်း အပြီးတွင်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို   မြန်မာ့အသံတေးဂီတအဖွဲ့၏  တီးခတ်မှုနှင့် အတူ တေးသံရှင်များဖြစ်ကြသည့် ဂျင်းနီ၊ ထူးပြည့်အောင်၊ ချိုမီမီဇော်၊ ပိုင်ဆု၊ ပန်တလျှံ၊ စိုးသန်းထွဋ်၊ ဈာန်ထူး၊ သွယ်သွယ်သိမ့်နှင့် မင်းသား လေးတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဧပြီ ၃ ရက် (တနင်္ဂနွေနေ့)  နံနက် ၁၀ နာရီခွဲ တွင်  ဒုတိယအကြိမ်  ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း  သိရ သည်။                           သတင်းစဉ်