
ဝါရှင်တန် အောက်တိုဘာ ၂၅
အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်အခြေစိုက်စခန်းများ ကို အောက်တိုဘာ ၁၇ ရက်မှ ၂၄ ရက်အထိ အီရန်ကို ကျော ထောက်နောက်ခံ ပြုထားသည့် အဖွဲ့အစည်းများက ၁၃ ကြိမ် ထက်မနည်း တိုက်ခိုက်ခဲ့သည် ဟု အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။
အီရတ်ရှိ အမေရိကန် အခြေ စိုက်စခန်းကို ၁၀ ကြိမ်၊ ဆီးရီး ယားရှိ အခြေစိုက်စခန်းကို သုံးကြိမ် ဒရုန်းများ၊ ဒုံးကျည်များ အသုံးပြုကာ တိုက်ခိုက်ခဲ့သည်ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပတ်ရိုက်ဒါက အောက်တိုဘာ ၂၄ ရက်တွင် သတင်းထောက်များကို ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်း ဆီးရီးယားနိုင်ငံတောင်ပိုင်း အမေရိကန် အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင် ၂၀ ထက်မနည်း အသေးစား ဒဏ်ရာများ ရရှိခဲ့သည်ဟု အမေရိကန် ဗဟိုကွပ်ကဲရေးဌာန က ပြောကြားခဲ့ကြောင်း အင်န်ဘီစီ ရုပ်သံတွင် ဖော်ပြထားသည်။
ယင်းသို့ တိုက်ခိုက်မှုများကို တုံ့ပြန်ရန်အတွက် အရှေ့ အလယ်ပိုင်းဒေသ အမေရိကန် ကာကွယ်ရေးအနေအထား ခိုင်မာ စေရန် လေကြောင်းရန် ကာကွယ် ရေးစနစ်များအပါအဝင် အခြား သော လုပ်ဆောင်မှုများ လုပ် ဆောင် သွားမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော် စတင်က အောက်တိုဘာ ၂၁ ရက်က ပြောသည်။ အီရန်နှင့် အခြားသော အုပ်စုများကြောင့် လက်ရှိဖြစ်ပေါ်နေသည့် အစ္စရေး နှင့် ပါလက်စတိုင်းဟားမားစ်အုပ်စု တို့အကြား ပဋိပက္ခများ ပို၍အရှိန် ကောင်းလာမည်ကို အမေရိကန်က စိုးရိမ်နေသည်။
အင်န်အိတ်ချ်ကေ