
နေပြည်တော် ဖေဖော်ဝါရီ ၂
ဖေဖော်ဝါရီ ၂ ရက် မြန်မာစံတော်ချိန် ၁၄ နာရီ ၄၃ မိနစ်၊ ၀၈ စက္ကန့်တွင် နေပြည်တော် မြေငလျင် စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၅၇ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖယ်ခုံမြို့၏ မြောက်-အနောက်မြောက်ဘက် ၁၀ မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၀၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၉၈ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ် တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ ကြောင်း တိုင်းထွာရရှိသည်။
မိုး/ဇလ