ဖြူးမြို့ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံမှ အထူးကုဆေးကုသရေးအဖွဲ့ ဖြူးမြို့နယ်၊ ဇေယျဝတီတိုက်နယ်ဆေးရုံသို့ အခမဲ့ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်

 

ဖြူး   နိုဝင်ဘာ    ၂၈


ကျန်းမာရေး    ဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သောကျန်းမာ ရေး စောင့်ရှောက်မှုများအား လက် လှမ်းမီရာ ရရှိစေရေးနှင့်   ပြည်သူ များ     စိုက်ထုတ်ကုန်ကျရသော    ဆေးကုသမှုစရိတ် လျော့နည်းစေ ရေးတို့အတွက် ဆောင်ရွက်လျက် ရှိရာ အထူးကုသမှုများ လိုအပ်သော           ပြည်သူများအနေဖြင့် သက်ဆိုင် ရာအထူးကု   ဆရာဝန်ကြီးများနှင့် တွေ့ဆုံပြီး ကုသမှုရရှိစေနိုင်ရေး     ရည်ရွယ်၍  ကွင်းဆင်းဆေးကုသ မှုများကို   နိုဝင်ဘာ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး    ကုသရေး ဦးစီး    ဌာနမှူး    ဒေါက်တာသီဟ ဦးဆောင်၍ ဖြူးမြို့ ခုတင်  (၁၀၀)  ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်၊ သမားတော်၊ ခွဲစိတ်၊  ကလေးလူနာ၊      သားဖွားမီးယပ်၊     အရိုးအကြော အဆစ်နှင့်      သွားရောဂါဆိုင်ရာ အထူးကုဆရာဝန်များနှင့် အခြား သော  ကျန်းမာရေး ဝန်ထမ်းများ ပါဝင်သည့် အထူးကုဆေးကုသ ရေးအဖွဲ့သည် ဖြူးမြို့နယ်၊ ဇေယျ ဝတီတိုက်နယ်ဆေးရုံ၌       အခြေ ပြု၍     ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေး ကြောင်း သိရသည်။


ထိုသို့         ကုသပေးရာတွင်   အထွေထွေလူနာ ၁၄၄ ဦး၊  ခွဲစိတ် လူနာ ၅၀၊ Minor  ခွဲစိတ် ခုနစ်ဦး၊    သားဖွားမီးယပ်ရောဂါ    ၂၂    ဦး၊    လက်မောင်းတွင်းထည့် သားဆက် ခြားလူနာ  ၁၅    ဦး၊ ကလေးရောဂါ    ၂၉  ဦး၊ အရိုးအကြောကု  ၉၆  ဦး၊  သွားရောဂါ ကိုးဦးနှင့် လွှဲပြောင်း လူနာ ခုနစ်ဦး စုစုပေါင်း ၃၇၉ ဦး တို့အား      ကျန်းမာရေး    ကုသ မှုများ ဆောင်ရွက်ပေးကြောင်းနှင့်     ပဲခူးတိုင်းဒေသကြီး      ကုသရေး ဦးစီးဌာနအနေဖြင့်         အလားတူ အစီအစဉ်များကို    ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


နေမျိုးလွင်(ပြန်/ဆက်)