
တိုကျို ဩဂုတ် ၂၄
တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီသည် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ထားသော စွန့်ပစ်ရေများကို သမုဒ္ဒရာထဲသို့ ယနေ့ စတင်ထုတ်လွှတ်လိုက်ပြီဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်းသည် ငလျင်နှင့် ဆူနာမီ ကြောင့် ပျက်စီးခဲ့ရပြီးနောက် ၁၂ နှစ်ကျော်အကြာ တွင် အဆိုပါစက်ရုံကို ဖျက်သိမ်းရန်အတွက် မဖြစ် မနေလုပ်ဆောင်ရန် လိုအပ်သော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း ဂျပန်အစိုးရက ပြောကြားသည်။
ထိုသို့ မစွန့်ထုတ်မီ စီစဉ်ထားသည့်အတိုင်း ရေများကို သန့်စင်ထားပြီးဖြစ်ကြောင်း အတည်ပြု ပြီးနောက် လုပ်ငန်းအဆင့်ဆင့်ကို ဆက်လက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စက်ရုံဘက်မှ ပြောကြားသည်။ ဖူကူရှီးမား ဒိုင်အိချိအဏုမြူ ဓာတ်ပေါင်းဖိုသည် ၂၀၁၁ ခုနှစ်ကစပြီး နျူကလီး ယားအရည်ပျော်မှုဖြစ်စဉ် သုံးကြိမ်ဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်မှစ၍ စက်ရုံရှိ လောင်စာများကို အအေးခံ ရန် အသုံးပြုသောရေသည် မိုးရေနှင့် မြေအောက်ရေ တို့ ရောစပ်ပြီး ထုထည်ပမာဏ ပိုမိုများပြားလာ ခဲ့သည်။
ယခုစွန့်ထုတ်လိုက်သည့် ရေများတွင် ရေဒီယို သတ္တိကြွပစ္စည်းအများစုကို ဖယ်ရှားပြီးဖြစ်သော် လည်း ထရိုင်တီယမ် ပါဝင်နေသေးသည်။ မစွန့် ထုတ်မီတွင် သောက်သုံးရေအတွက် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ လမ်းညွှန်ချက်၏ ခုနစ်ပုံတစ်ပုံခန့်အထိ သန့်စင်အောင် လျှော့ချပြီးဖြစ်ကြောင်း စက်ရုံ ဘက်မှ ပြောကြားထားသည်။
ထို့နောက် စွန့်ပစ်ရေများကို ပင်လယ်ကြမ်းပြင် အောက်ရှိ ဥမင်လိုဏ်ခေါင်းတစ်ခုမှတစ်ဆင့် ပေးပို့ ပြီး ကမ်းရိုးတန်းမှ ၁ ကီလိုမီတာအကွာတွင် စွန့်ပစ်မည်ဖြစ်သည်။ ပထမအကြိမ်လုပ်ငန်းစဉ် သည် ၁၇ ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး စွန့်ပစ်ရေ တန်ချိန် ၇၈၀၀ ခန့် ထွက်ရှိမည်ဖြစ်သည်။ ထိုသို့ နျူကလီးယား ဓာတ်အားပေးစက်ရုံ ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်များအားလုံးပြီးစီးရန် အနည်းဆုံး နှစ် ၃၀ ခန့်ကြာမည်ဟု ခန့်မှန်းရသည်။
အန်အိတ်ချ်ကေ