ဖုန်းကို ပိုမြန်အောင်သုံးနိုင်စေမယ့် RAM Cleanup အက်ပလီကေးရှင်း

 

 

ဒီအက်ပလီကေးရှင်းက   ဖုန်းတွေထဲမှာ မလိုအပ်ဘဲပွင့်နေတဲ့ အက်ပလီကေးရှင်း တွေကို ပိတ်ပစ်ပေးပြီး RAM နေရာလွတ် တွေ ပိုရစေလို့ ဖုန်းကို ပုံမှန်ထက်ပိုပြီး ပေါ့ပေါ့ပါးပါးသုံးနိုင်အောင် လုပ်ပေးတဲ့ အက်ပလီကေးရှင်းဖြစ်ပါတယ်။ 
RAM ကိုရှင်းပေးတဲ့ လုပ်ဆောင်ချက် တွေဟာ ဖုန်းအတော်များများမှာပါသလို ပလေးစတိုးမှာလည်း RAM ကိုရှင်းပေးတဲ့ အက်ပလီကေးရှင်းတွေ အများအပြားရှိ ပါတယ်။  ဒါပေမယ့်  ဒီ  RAM  Cleanup အက်ပလီကေးရှင်းကတော့ ဖိုင်အရွယ် အစား သေးငယ်ပေါ့ပါးပြီး ဖုန်းအမျိုးမျိုးနဲ့ သင့်တော်ခြင်း၊    အက်ပလီကေးရှင်းကို သုံးဖို့ နည်းပညာပိုင်းနားလည်စရာမလိုဘဲ ကလစ်တစ်ချက်နှိပ်ရုံနဲ့ လိုအပ်တာတွေ  ကို အက်ပလီကေးရှင်းကပဲ လုပ်ပေးနိုင်လို့ သုံးရလွယ်ခြင်းနဲ့  RAM  ထဲက မလိုတာ တွေကို  ရှင်းထုတ်ရာမှာ  ထိရောက်ခြင်း တွေကြောင့် ပလေးစတိုးက အသုံးပြုသူ တွေရဲ့ Review  သတ်မှတ်ချက်မှာ  4.4 အထိ ရထားတာဖြစ်ပါတယ်။ ဒီအက်ပလီ ကေးရှင်းကို ပလေးစတိုးမှာ RAM Clean-up J Kosa လို့ ရိုက်ရှာပြီး အလွယ်တကူ သုံးနိုင်ပါတယ်။ 
ကျော်ဇင်ဦး