ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းတစ်ရပ်၏ပြယုဂ်- ခေါင်းဆောင်မှု အရင်းအမြစ်တည်ဆောက်ခြင်းဆိုင်ရာ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ  ၁၆


ပြည်ထောင်စု     ရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ    ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်း         တက္ကသိုလ်များမှ အရာထမ်း၊  အမှုထမ်းများဖြင့် ဆောင်ရွက် ခဲ့သော       ဖွံ့ဖြိုးတိုးတက်မှုအလား အလာကောင်းတစ်ရပ်၏        ပြယုဂ်- ခေါင်းဆောင်မှု          အရင်းအမြစ် တည်ဆောက်ခြင်းဆိုင်ရာ      တတိယ အကြိမ်  အလုပ်ရုံဆွေးနွေးပွဲ   ပိတ်ပွဲ အခမ်းအနားကို  ယနေ့နံနက်  ၄ နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့    စုပေါင်း ခန်းမ၌     ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော      စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ    ကျင်းပ သည်။


ပြောကြား


ပိတ်ပွဲတွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက ယခုဆွေးနွေး ပွဲ သည်    နောက်ဆုံးအကြိမ်   ကျင်းပသော   ဆွေးနွေးပွဲဖြစ်သည်နှင့်အညီ      ယခင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင်    ကျင်းပခဲ့သော     အလုပ်ရုံဆွေးနွေးပွဲ ရလဒ်များ၊   အကြံပြုချက်များနှင့်အတူ  နိုင်ငံ့ဝန်ထမ်းစနစ်  ပိုမိုကောင်းမွန်အောင်၊

    နိုင်ငံ့ဝန်ထမ်း       အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်        တိုးတက်စေရေး၊ ခေါင်းဆောင်မှုဆိုင်ရာ     ဖွံ့ဖြိုးတိုးတက် စေရေး၊  တစ်ဦးချင်း  တစ်ယောက်ချင်း စွမ်းဆောင်ရည်၊  စိတ်ဓာတ်၊  စည်းကမ်း၊ ကြိုတင်မြော်တွေးမှု  တိုးတက်ကောင်းမွန် ရေး၊  ယင်းအချက်များကို  အခြေခံ၍  အဖွဲ့အစည်းအတွင်း  ပူးပေါင်းဆောင်ရွက် မှု၊        ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှု၊ စည်းလုံးမှုကို တည်ဆောက်ပြီး တစ်ဦးချင်း တစ်ဦးချင်း  တိုးတက်မှုမှသည်  အရည် အချင်းရှိသော  ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာစေမည်     ဖြစ်ပါကြောင်း၊ တစ်ပြိုင်တည်းမှာပင် အလုပ်ရုံဆွေးနွေးပွဲ အတွင်း  တက်ရောက်ဆွေးနွေးသူများ၊ ပါဝင်ဆွေးနွေးသူများ၏   အတွေးအခေါ် များ ရှင်သန်ဖွံ့ဖြိုးလာစေပြီး အရည်အချင်း  အလိုက် ထုတ်ဖော်ပြသခွင့်ရသည့်အတွက် တစ်ဦးချင်း၏စွမ်းဆောင်ရည်  တိုးတက် လာမှုကို များစွာအထောက်အကူပြုသည့် ရလဒ်ကောင်းများ  ဖြစ်ပေါ်လာကြောင်း၊ ကျင်းပပြီးစီးခဲ့သော   အလုပ်ရုံဆွေးနွေး ပွဲများမှ     ချက်ချင်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့်      ကိစ္စရပ်များကို ချက်ချင်းဆောင်ရွက်ပြီး         ရေရှည် ဆောင်ရွက်ရမည့်       ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားကာ အကောင် အထည်ဖော်ဆောင်ရွက်ရန်     လိုအပ် ကြောင်း၊  ထို့အတွက်  ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။


ဆုများချီးမြှင်


အလုပ်ရုံ     ဆွေးနွေးပွဲကာလမှာ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိဖြစ်ပြီး သတ်မှတ်ခေါင်းစဉ်များအလိုက် ဆွေးနွေး မှုများပြုလုပ်ခြင်း၊    အုပ်စုအလိုက်ခွဲ၍ ဆွေးနွေးခြင်း၊    ဆွေးနွေးမှုရလဒ်များကို ပြန်လည်တင်ပြခြင်း၊    ရလဒ်များသုံးသပ် ဖော်ထုတ်ခြင်း၊    အကဲဖြတ်အဖွဲ့ဝင်များ အား     ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း၊  အကောင်းဆုံး    ဆွေးနွေးတင်ပြသူများ၊ အကောင်းဆုံး   ပါဝင်ဆွေးနွေးသူများနှင့် အကောင်းဆုံးအုပ်စုအလိုက်   ဆွေးနွေး တင်ပြသည့်အုပ်စုအား  ဆုများချီးမြှင့်ခြင်း များ  ပြုလုပ်ခဲ့ကြောင်း  သိရသည်။  


သတင်းစဉ်