ဖမ်းဆီးထားသော ဖိလစ်ပိုင်နိုင်ငံသား ၁၇ ဦး ပြန်လွှတ်ပေးရေးအတွက် ဂါဇာတွင် စစ်ပွဲဖြစ်ပွားမှုကို အဆုံးသတ်ရန် ဟူသီအဖွဲ့တောင်းဆို

 

မနီလာ မတ် ၁၂


လွန်ခဲ့သည့်နှစ်တွင် ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန် များက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ဖိလစ်ပိုင် သင်္ဘောသား ၁၇ ဦး ပြန်လွှတ်ပေးရေး အတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း ဖိလစ်ပိုင်သံတမန် တစ်ဦးက အင်္ဂါ နေ့တွင် ပြောသည်။ 


ဖမ်းဆီးထားသော ဓားစာခံများ ပြန်လွှတ်ပေးရေး အတွက်   ကြိုတင်သတ်မှတ်ချက်အဖြစ်   ဂါဇာ ကမ်းမြောင်တွင်  စစ်ပွဲဖြစ်ပွားမှုကို အဆုံးသတ်ရန် ဟူသီသူပုန်များက တောင်းဆိုထားသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေး  လက်ထောက်အတွင်းဝန်   ဒီဗီဂါက သင်္ဘောသားများသည်  အကောင်းဆုံးအခြေအနေ တွင်  မရှိသော်လည်း    လုံခြုံမှုရှိကြောင်း၊    ၎င်းတို့၏ မိသားစုဝင်များနှင့်  ဆက်သွယ်မှုရှိကြောင်း  ပြော သည်။ 


ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရေကြောင်း လုပ်သားအများဆုံးထောက်ပံ့ပေးသည့်      နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး    ကမ္ဘာတစ်ဝန်းရှိ    သင်္ဘောသား ငါးပုံ တစ်ပုံနီးပါးကို          ထောက်ပံ့ပေးထားကြောင်း အပြည်ပြည်ဆိုင်ရာ  အလုပ်သမားအဖွဲ့   (အိုင်အယ်လ် အို)၏ ထုတ်ပြန်ချက်အရ သိရသည်။  


ဖိလစ်ပိုင်သင်္ဘောသား ၁၇ ဦးသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပင်လယ်နီ၌ ဟူသီတို့က ဓားစာခံ အဖြစ်  ဖမ်းဆီးခေါ်သွားသော   ကုန်တင်သင်္ဘော တစ်စင်း၏  အမှုထမ်းများထဲတွင်   ပါဝင်သူများဖြစ် သည်။ ပြီးခဲ့သည့် သီတင်းပတ်က  ယီမင်တောင်ပိုင်း အေဒင်ဆိပ်ကမ်း၏ အနောက်တောင်ဘက် ရေမိုင် ၅၀ ခန့်အကွာတွင် သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်များ ဖြင့်   ပစ်ခတ်တိုက်ခိုက်ရာ  ကုန်တင်သင်္ဘော True Confidence ကို ထိမှန်ခဲ့ကြောင်း သိရသည်။ 
အဆိုပါ တိုက်ခိုက်မှုအတွင်း ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။      

         
ဆင်ဟွာ