ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေ ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ   ၂


ကရင်ပြည်နယ်အတွင်းရှိ   ဖလူး၊ ကျောက်ခက်၊      သေဘောဘိုး၊ ဝေါလေဒေသ      တစ်ဝိုက်နှင့် မြဝတီ-ဝေါလေ      ကားလမ်း တစ်လျှောက်တို့အား  KNU၊ KNLA  မှ အကြမ်းဖက်မှုကို လိုလားသော အဖွဲ့၊  NUG အဖွဲ့နှင့်   ၎င်း၏ လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများက ၂၀၂၂ မေလမှ စတင်ထိန်းချုပ်၍      အဆိုပါ ဒေသတစ်ဝိုက်ရှိ  လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ  အဆောက် အဦများ၊    စာသင်ကျောင်းများ အတွင်း   ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့်     လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း များကြောင့် ဒေသခံတိုင်းရင်းသား များအနေဖြင့်    ဘေးလွတ်ရာ နေရာများသို့   ခေတ္တထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။

 


အဆိုပါ  ဒေသတစ်ဝိုက်အား လုံခြုံရေး      တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၈ ရက်မှစ၍ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ် အေးချမ်းမှုရှိသည့်အတွက် ထွက် ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ ပြည်သူများကို   ပြန်လည်နေထိုင် နိုင်ရေးအတွက် တယ်လီဖုန်းများ ဖြင့်  လည်းကောင်း၊   အသံချဲ့စက် များဖြင့်   မြန်မာဘာသာ၊  ကရင် ဘာသာစကားများဖြင့်      လည်း ကောင်း      အသိပေးနှိုးဆော်၍ ပြန်လည်         ဖိတ်ခေါ်ခြင်းနှင့်    လိုအပ်သည်များ   ညှိနှိုင်းဆောင် ရွက်ပေးမှုများကြောင့်  အေးချမ်း စွာ   ပြန်လည်နေထိုင်လိုသည့် ခေတ္တထွက်ပြေး  တိမ်းရှောင်နေ သည့်  ဒေသခံတိုင်ရင်းသားများမှာ ဝမ်းသာအားရဖြင့်       ပြန်လည် ဝင်ရောက်လျက်ရှိရာ      ယနေ့ တွင်    သေဘောဘိုးကျေးရွာသို့ အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၃၂ ဦး၊ ဘလက်ဒိုကျေးရွာသို့ အမျိုး သား ၄၆ ဦး၊ အမျိုးသမီး ၅၂ ဦး၊ ထပ်မံ ဝင်ရောက်လာခဲ့ပြီး နိုဝင်ဘာ  ၂၈ ရက်မှ ယနေ့အထိ သေဘော ဘိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာ များသို့  ပြန်လည်ဝင်ရောက်လာ သည့်         ဒေသခံတိုင်းရင်းသား အမျိုးသား ၂၉၁ ဦး၊ အမျိုးသမီး  ၃၀၈ ဦး  စုစုပေါင်း ၅၉၉ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

 


အဆိုပါ ပြန်လည်ဝင်ရောက် လာသူများအား   သက်ဆိုင်ရာ တာဝန်ရှိသူများက နေ့ညမပျက် ပြန်လည်ကြိုဆို၍   စနစ်တကျ လက်ခံလျက်ရှိပြီး     ဆန်နှင့် စားသောက်ဖွယ်ရာများ၊ လူသုံး ကုန်ပစ္စည်းများ       ထောက်ပံ့ ပေးအပ်ကာ လိုအပ်သည့် ကူညီ ကယ်ဆယ်ရေး  လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။       


သတင်းစဉ်