ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ - ဝေါလေ ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လျက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ    ၁


ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက် ခက်၊  သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက် နှင့်  မြဝတီ-ဝေါလေကားလမ်းတစ်လျှောက် တို့အား  KNU ၊ KNLA  မှ အကြမ်းဖက်မှုကို   လိုလားသောအဖွဲ့၊ NUG အဖွဲ့နှင့် ၎င်း၏ လက်ဝေခံ    PDF   အမည်ခံအကြမ်းဖက် သမားများက ၂၀၂၂ မေလမှ စတင်ထိန်းချုပ် ၍ အဆိုပါဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ   အဆောက်အဦများ၊   စာသင်ကျောင်းများအတွင်း     ဝင်ရောက် နေထိုင်ကာ  အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊     ခြိမ်းခြောက်ခြင်းများ ကြောင့်   ဒေသခံတိုင်းရင်းသားများအနေ ဖြင့်   ဘေးလွတ်ရာ  နေရာများသို့  ခေတ္တ    ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

 


အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်    အေးချမ်းမှုရှိသည့်အတွက်       ထွက်ပြေး တိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ အား   ပြန်လည်နေထိုင်နိုင်ရေးအတွက် တယ်လီဖုန်းများဖြင့် လည်းကောင်း၊   အသံ ချဲ့စက်များဖြင့်    မြန်မာဘာသာ၊   ကရင် ဘာသာစကားများဖြင့်     လည်းကောင်း     အသိပေးနှိုးဆော်၍ ပြန်လည်ဖိတ်ခေါ်ခြင်း နှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး မှုများကြောင့်  အေးချမ်းစွာပြန်လည်နေထိုင် လိုသည့်   ခေတ္တထွက်ပြေးတိမ်းရှောင်နေ သည့် ဒေသခံတိုင်ရင်းသားများမှာ  ဝမ်းသာ အားရဖြင့် ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့တွင် သေဘောဘိုးကျေးရွာသို့ အမျိုး သား ၉၆ ဦး၊ အမျိုးသမီး ၁၀၄ ဦး စုစုပေါင်း  ၂၀၀  ထပ်မံဝင်ရောက်လာခဲ့ပြီး   နိုဝင်ဘာ  ၂၈  ရက်မှ  ယနေ့ထိ သေဘောဘိုးကျေးရွာနှင့်     ဘလက်ဒိုကျေးရွာများသို့      ပြန်လည် ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသား အမျိုးသား ၂၁၃ ဦး၊ အမျိုးသမီး ၂၂၄ ဦး စုစုပေါင်း ၄၃၇ ဦးရှိပြီဖြစ်သည်။

 


အဆိုပါ ပြန်လည်ဝင်ရောက်လာသူများ အား  သက်ဆိုင်ရာ   တာဝန်ရှိသူများက  နေ့ညမပြတ် ပြန်လည်ကြိုဆို၍ စနစ်တကျ လက်ခံလျက်ရှိပြီး   ဆန်နှင့်   စားသောက် ဖွယ်ရာများ၊       လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်သည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများနှင့်    ကျန်းမာ ရေး စောင့်ရှောက်မှုများ   ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။    

သတင်းစဉ်