ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေ ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ၎င်းတို့နေရပ်သို့ ပြန်လည်ဝင်ရောက်

 

နေပြည်တော်  နိုဝင်ဘာ  ၂၉


ကရင်ပြည်နယ်အတွင်းရှိ   ဖလူး၊ ကျောက်ခက်၊      သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့်   မြဝတီ-ဝေါလေ    ကားလမ်း   တစ်လျှောက်တို့ကို   KNU ၊ KNLA  မှ  အကြမ်းဖက်မှုကို   လိုလားသော အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ၂၀၂၂ မေလမှ စတင်ထိန်းချုပ်၍  အဆိုပါ   ဒေသတစ်ဝိုက်ရှိ       လူနေအိမ်များ၊   ဘာသာရေးဆိုင်ရာ  အဆောက်အအုံများ၊   စာသင်ကျောင်းများအတွင်း      ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့်လုပ်ငန်းများ   လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့်   ဘေးလွတ်ရာနေရာများသို့            ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

 


အဆိုပါ   ဒေသတစ်ဝိုက်  လုံခြုံရေးတပ်ဖွဲ့ဝင်များက  နိုဝင်ဘာ ၂၈ ရက်မှစ၍  ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး  ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့်အတွက်     ထွက်ပြေး တိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများကို   ပြန်လည်နေထိုင်နိုင်ရေးအတွက် တယ်လီ ဖုန်းများဖြင့်လည်းကောင်း၊  အသံချဲ့စက်များဖြင့်   မြန်မာဘာသာ၊   ကရင်ဘာသာစကား များဖြင့်လည်းကောင်း    ပြန်လည်ဖိတ်ခေါ်ခြင်းနှင့်  လိုအပ်သည်များ    ညှိနှိုင်းဆောင်ရွက် ပေးမှုများကြောင့်  ထွက်ပြေးတိမ်းရှောင်သူများအနက်မှ နိုဝင်ဘာ  ၂၈ ရက်နှင့်   ယနေ့တွင်    သေဘောဘိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာများသို့  အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၅၆ ဦး စုစုပေါင်း ၁၁၉ ဦး   ပြန်လည်ရောက်ရှိလာကြောင်း သိရှိရသည်။

 


စနစ်တကျလက်ခံလျက်ရှိ


အဆိုပါ   ပြန်လည်ဝင်ရောက်လာသူများကို    သက်ဆိုင်ရာတာဝန်ရှိသူများက  နေ့ညမပြတ်   ပြန်လည်ကြိုဆို၍   စနစ်တကျလက်ခံလျက်ရှိပြီး လိုအပ်သည်များ၊ ကူညီ  ကယ်ဆယ်ရေးလုပ်ငန်းများနှင့်    ကျန်းမာရေးစောင့်ရှောက်မှုများ    ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။                                                                  

သတင်းစဉ်