ဖလော်ရီဒါပြည်နယ်၌ ၁၄ နှစ်အောက်ကလေးများ လူမှုမီဒီယာအကောင့် ပိုင်ဆိုင်ခွင့်တားမြစ်သည့် ဥပဒေတစ်ရပ်ထုတ်ပြန်

 

ဖလော်ရီဒါ   မတ်   ၂၆ 
အမေရိကန်ပြည်ထောင်စု  ဖလော်ရီဒါပြည်နယ်   အုပ်ချုပ်ရေးမှူး  ရွန်ဒီဆန်တစ်သည်  အသက်  ၁၄ နှစ်  အောက်ကလေးများလူမှု မီဒီယာ အကောင့်   ပိုင်ဆိုင်ခွင့်တားမြစ်သည့်   ဥပဒေတစ်ရပ်ကို မတ် ၂၅ ရက်က လက်မှတ်ရေးထိုးလိုက်ကြောင်း ပြည်နယ်အုပ်ချုပ် ရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ 
အဆိုပါဥပဒေတွင်  အသက် ၁၄ နှစ်နှင့် ၁၅ နှစ် ကလေးများ  လူမှုမီဒီယာအကောင့်  ရရှိရန်အတွက်  မိဘခွင့်ပြုချက်လိုကြောင်း လည်း ဖော်ပြထားသည်။ လူမှုမီဒီယာသည် ကလေးများကို နည်းလမ်း မျိုးစုံဖြင့် အန္တရာယ်ဖြစ်စေကြောင်း ရီပတ်ဘလီကင် ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ အဆိုပါဥပဒေသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်တရားဝင်မည်ဖြစ်သည်။ 
ဥပဒေသစ်သည် ဖလော်ရီဒါပြည်နယ်ကို အခြားပြည်နယ်များ ဖြစ်သည့် အာကန်ဆော၊ ကယ်လီဖိုးနီးယား၊ လူဝီစီယားနား၊ အိုဟိုင်း ယိုးနှင့်  ယူးတားကဲ့သို့  ကလေးများကို လူမှုမီဒီယာအသုံးပြုခွင့်   တားမြစ်လိုက်သည့် ပြည်နယ်တစ်ခုဖြစ်လာစေသည်။    ဆင်ဟွာ