“ဖိုးဖိုးဖွားဖွားတို့ အငြိမ့်” ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

 

 

နေပြည်တော် ဒီဇင်ဘာ ၁၄  
အများပြည်သူ     ပျော်ရွှင်စေရန်၊    အပန်းပြေစေရန်နှင့်  စိတ်ခွန်အား သစ်များ     ရရှိနိုင်ရန်အတွက်  မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား မှ    ဖျော်ဖြေရေးအစီအစဉ်များ ကို    တိုးမြှင့်တင်ဆက်လျက်ရှိ ရာ  “ဖိုးဖိုးဖွားဖွားတို့  အငြိမ့်”     ဖျော်ဖြေပွဲကို   ဒီဇင်ဘာ ၁၈  ရက်  စနေနေ့ ည ၈ နာရီ  သတင်းအပြီး တွင်       မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏   MRTV-HD  Channel  မှ  ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို     လူရွှင် တော်   ဒိန်းဒေါင်က    စီစဉ်ပြီး ဟာသမင်္ဂလာ    ရွှေဆိုင်းတော် အဖွဲ့၏     တီးခတ်မှုနှင့်အတူ  မင်းသမီးများ       ဖြစ်ကြသည့်   ရန်ကုန်သူ    သဇင်၊   ရန်ကုန်သူ သင်း၊     ရန်ကုန်သူ     မိုးမိုးခိုင်၊   လူရွှင်တော်များ     ဖြစ်ကြသည့်  စံမိုး၊  တိမ်ညွန့်၊ ဥဩနှင့်  မိုး‌ကျော် တို့က   ဖျော်ဖြေတင်ဆက်ကြမည်  ဖြစ်သည်။
ထိုသို့            တင်ဆက်မှုကို  ဒီဇင်ဘာ     ၂၂  ရက်   (ဗုဒ္ဓဟူးနေ့)  မွန်းလွဲပိုင်း  National News  အစီ အစဉ်အပြီးတွင်    ဒုတိယအကြိမ်   ထမ်မံထုတ်လွှင့်ပြသမည်   ဖြစ် ကြောင်း သိရသည်။    သတင်းစဉ်