ဖိလစ်ပိုင်တက္ကသိုလ်ဝင်း လူနေအဆောက်အအုံမီးလောင်မှု ရှစ်ဦးသေဆုံး

 

 

မနီလာ   မေ   ၂ 
မြို့တော်မနီလာ အစိုးရတက္ကသိုလ်ဝင်းရှိ   လူနေအဆောက်အအုံတစ်လုံး    မေ  ၂  ရက်  နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ရှစ်ဦး ထက်မနည်း သေဆုံးခဲ့သည်။ 
ဒေသစံတော်ချိန် နံနက် ၅ နာရီဝန်းကျင်၌ မနီလာတက္ကသိုလ်ဝင်းထဲတွင်  မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးဘေးသင့်သူများမှာ ၎င်းတို့၏ နေအိမ်များတွင်      ပိတ်မိလျက်ရှိကြောင်း မီးသတ်အရာရှိများ၏ ပြောကြားချက်များ ကို  ကိုးကား၍  ရေဒီယို  DzBB  က  ဖော်ပြ ခဲ့သည်။ 
ကလေးများ    အပါအဝင်   သေဆုံးသူ ခြောက်ဦးကို အိမ်တစ်အိမ်တွင်တွေ့ရှိခဲ့သည်။ 
သတင်းဖော်ပြချက်အရ မီးလောင်မှုသည် အိမ်အလုံး ၈၀ နီးပါး  လောင်ကျွမ်းသွားခဲ့ ကြောင်းနှင့် အိမ်ထောင်စု ၂၅၀ နီးပါး မီးဘေး ဒုက္ခရောက်ခဲ့ကြောင်း သိရသည်။ အရှိန်ပြင်း တောက်လောင်လာသော        မီးဘေးမှ ကင်းလွတ်စေရန် လူတချို့ ၎င်းတို့နေအိမ်မှ ခုန်ထွက်ကြရာ ဒဏ်ရာရရှိခဲ့သည်။
မီးသတ်သမားများသည် အဆိုပါမီးကို နှစ်နာရီနီးပါး  ငြှိမ်းသတ်ခဲ့သည်။ 
မီးလောင်ရသည့်   အကြောင်းရင်းနှင့် ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့က တရားဝင် ထုတ်ပြန်ချက်  တစ်စုံတစ်ရာ  ထုတ်ပြန် ထားခြင်း မရှိသေးကြောင်း သိရသည်။     
 ဆင်ဟွာ