ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေး အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံကြားကျင်းပမည့် အစည်းအဝေး လွဲချော်ဖွယ်ရှိ

 

မနီလာ  ဧပြီ   ၂၇ 


ဖိလစ်ပိုင်သမ္မတ           ရိုဒရီဂို ဒူတာတေးသည်          အမေရိကန် ပြည်ထောင်စုနှင့် အရှေ့တောင် အာရှနိုင်ငံများကြား    နောက်လ တွင် ကျင်းပမည့် အစည်းအဝေးနှင့် လွဲချော်ဖွယ်ရှိသည်။ 

 


အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧပြီ  ၂၇  ရက်က   ပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခုတွင် ဒူတာ တေးက    ဘိုင်ဒင်နှင့်   ဆွေးနွေးဖို့ အာဆီယံအစည်းအဝေး    တက် ရောက်ရန်       ဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း၊ သို့သော်လည်း အသစ်   ရွေးကောက်တင်မြှောက် မည့်      ဖိလစ်ပိုင်သမ္မတလည်း ရှိသေးကြောင်းနှင့် နောက်အစိုးရ သစ်သည်      အစည်းအဝေးတွင် သဘောတူညီချက်    သို့မဟုတ် ကတိကဝတ်ပြုမှုများကို ဆွေးနွေး ချင်ပုံမရှိကြောင်း      ပြောကြား လိုက်သည်။ 

 


အသစ်      ရွေးကောက်မည့် သမ္မတသစ်လည်း    ရှိနေပြီဖြစ်ရာ အဆိုပါအစည်းအဝေးသို့   တက် ရောက်ရန်မှာ    ကောင်းသည့်ကိစ္စ မဟုတ်ကြောင်း    ဒူတာတေးက ပြောကြားလိုက်သည်။ 

 


ဇွန်လတွင်    ခြောက်နှစ်တာ သမ္မတသက်တမ်း   ကုန်ဆုံးတော့ မည့် ဒူတာတေးနေရာတွင် ဆက်ခံ သွားမည့်  သမ္မတသစ်ကို မေ ၉ ရက်တွင်  ဖိလစ်ပိုင်နိုင်ငံသားများ က ရွေးကောက်တင်မြှောက်ကြ မည်ဖြစ်သည်။        ဒူတာတေးကို ၂၀၁၆ ခုနှစ်က ဖိလစ်ပိုင်သမ္မတ အဖြစ် ရွေးကောက်တင်မြှောက် ခဲ့သည်။        ဖိလစ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေက        သမ္မတကို ခြောက်နှစ်သက်တမ်းသာ လုပ်ခွင့် ပြုထားသည်။ 

 


ဖိလစ်ပိုင်      နိုင်ငံခြားရေး ဝန်ကြီးဌာနက    အဆိုပါအစည်း အဝေးသို့ မည်သူတက်ရောက်မည် ဆိုသည့် တရားဝင်ကြေညာချက် ထုတ်ပြန်ကြေညာခြင်း   မရှိသေး ကြောင်း သိရသည်။ 

 


အာဆီယံသည်       ဘရူနိုင်း၊ ကမ္ဘောဒီးယား၊     အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ် ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ဖြင့်           ဖွဲ့စည်းထား သည်။ 


ဆင်ဟွာ