ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် မားကို့စ်ဂျူနီယာ အနိုင်ရ

 

မနီလာ   မေ   ၁၁ 


ဖာဒီနန်မားကို့စ်ဂျူနီယာ၏ ပြောရေးဆိုခွင့် ရှိသူ    ဗစ်တာရိုဒရီဂွက်ဇ်သည်   ဖိလစ်ပိုင် နိုင်ငံတွင်    မေ ၉ ရက်က ကျင်းပသော   သမ္မတရွေးကောက်ပွဲ၌ အထက်လွှတ်တော် အမတ်ဟောင်း မားကို့စ်ဂျူနီယာက အနိုင် ရရှိကြောင်း မေ ၁၁ ရက် မွန်းလွဲပိုင်းက   ပြောကြားလိုက်သည်။    မားကို့စ်ဂျူနီယာ သည် အထက်လွှတ်တော်အမတ်အဖြစ် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆   ခုနှစ်အထိ     တာဝန်ထမ်းဆောင်ခဲ့သည်။ 

 


အဆိုပါရွေးကောက်ပွဲတွင်  မားကို့စ် ဂျူနီယာသည်  ရေတွက်ပြီး    မဲအရေ အတွက် ၉၈   ရာခိုင်နှုန်းတွင် မဲအရေ အတွက်   ၁၆  သန်း ကျော်ဖြင့်  ဦးဆောင် နိုင်ခဲ့ကြောင်း  သိရသည်။  ထို့ကြောင့်  ဘုံဘုံဟု လူသိများသော   သမ္မတဟောင်း ဖာဒီနန်မားကို့စ်၏  သားဖြစ်သူ ဖာဒီနန် မားကို့စ်ဂျူနီယာသည် ဖိလစ်ပိုင်နိုင်ငံ၏ ၁၇ ဦးမြောက် သမ္မတ  ဖြစ်လာမည်ဖြစ် သည်။

                              
  ဆင်ဟွာ