
မနီလာ ဇူလိုင် ၈
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ရိုမောဒက်ဇ်မားကို့စ်သည် ကိုဗစ်-၁၉ ကူးစက်ခံရသည်ဟု စစ်ဆေးတွေ့ရှိကြောင်း သမ္မတဆက်သွယ် ပြန်ကြားရေးအကြီးအကဲ ရို့ဘီထရစ်ခရုဇ် အင်ဂျီလက်စ်က ဇူလိုင် ၈ ရက်တွင် ပြောကြားသည်။
ဖိလစ်ပိုင်သမ္မတ မားကို့စ်သည် အန်တီဂျန် စစ်ဆေးမှုတစ်ခုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ အင်ဂျလက်စ်က ပြောကြားသည်။ ဖိလစ်ပိုင်သမ္မတနှင့် အနီးကပ်အဆက်အသွယ်ရှိသူများကို လက်ရှိ တွင် ကိုဗစ် - ၁၉ လက္ခဏာများကို သတိပြုရန် အင်ဂျလက်စ်က ပြောကြားသည်။
မားကို့စ်သည် ၂၀၂၀ ပြည့်နှစ် မတ်လကလည်း ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ဆင်ဟွာ