
မနီလာ ဇူလိုင် ၂၀
ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် ပထမ နှစ်ဝက်အတွင်း သွေးလွန် တုပ်ကွေးရောဂါကြောင့် သေဆုံး သူ ၂၇၄ ဦးရှိကြောင်း ကျန်းမာရေး ဌာနက ဇူလိုင် ၁၉ ရက်က ပြော သည်။ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ်တွင် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၂ ရက်အထိ သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ၆၅၁၉၀ ရှိပြီး ယခင်နှစ်ကထက် ၈၃ ရာခိုင်နှုန်း မြင့်တက်လာ ကြောင်း သိရသည်။
ကျန်းမာရေးဌာနက ထုတ်ပြန် သော အချက်အလက်အရ အလယ်ပိုင်း လူဇန်ဒေသတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား သူ ၉၄၄၈ ဦးဖြင့် အများဆုံး ဖြစ်ပြီး ဗီဆာယပ်စ်ဒေသတွင် ၇၇၇၁ ဦးနှင့် နိုင်ငံတောင်ပိုင်း ဇမ်ဘိုအန်ဂါ ကျွန်းဆွယ်တွင် ၅၇၉၈ ဦး ဖြစ်ပွားကြောင်း သိရ သည်။
အဆိုပါ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုသည် ဇွန် ၅ ရက်မှ ဇူလိုင် ၂ ရက် အထိ လေးပတ်အတွင်း ဒေသ ၁၇ ခု အနက် ၁၃ ခုအထိ ပျံ့နှံ့ကူးစက် လာပြီဖြစ်ကြောင်း သိရသည်။ သွေးလွန်တုပ်ကွေး ဆက်လက် ပြန့်ပွားမှုကို ထိန်းချုပ်တားဆီး နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနသည် ကျေးလက် ဒေသများနှင့် လုပ်ငန်းခွင်များ၌ ခြင်ပေါက်ပွားနိုင်သော နေရာများ ကို ရှင်းလင်းရန် ပြည်သူများကို တိုက်တွန်းထားသည်။
ဖိလစ်ပိုင်နိုင်ငံ၌ သွေးလွန် တုပ်ကွေးရောဂါကြောင့် သေဆုံး သူဦးရေ မြင့်တက်လာသည့် အတွက် ၂၀၁၉ ခုနှစ် ဩဂုတ်လ တွင် အမျိုးသား သွေးလွန် တုပ်ကွေး ကပ်ရောဂါအဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဆင်ဟွာ