ဖိလစ်ပိုင်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၇၄၅ ဦး ထပ်မံတွေ့ရှိ

မနီလာ    စက်တင်ဘာ   ၁၃


ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ ၂၀၇၄၅    ဦး ထပ်မံ တွေ့ရှိရသဖြင့် နိုင်ငံအတွင်း  ကိုဗစ်-၁၉   ရောဂါ ကူးစက်ခံရသူပေါင်း ၂၂၄၈၀၇၁ ဦး ရှိလာကြောင်း     ဖိလစ်ပိုင်ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ 


ထို့ပြင်  ကိုဗစ်-၁၉  ရောဂါကြောင့် ၁၆၃ ဦး ထပ်မံသေဆုံးသဖြင့် နိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း  ၃၅၃၀၇ဦးရှိလာကြောင်း   ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။ 


လူဦးရေ သန်း ၁၁၀    ခန့်ရှိသော ဖိလစ်ပိုင်နိုင်ငံ၌     ၁၈    သန်းကျော်မှာ ကိုဗစ်-၁၉   ရောဂါ   ရှိ၊ မရှိ     စစ်ဆေးမှု ခံယူပြီးစီးကြောင်း သိရသည်။    နိုင်ငံ၏ ကိုဗစ်-၁၉      ရောဂါ    ကုသရေးဆိုင်ရာ အကြီးဆုံးဆေးရုံဖြစ်သော ဖိလစ်ပိုင်နိုင်ငံ  အထွေထွေရောဂါကု        ဆေးရုံကြီးမှာ ကျန်းမာရေးဝန်ထမ်းအင်အား နည်းပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။


မိမိတို့၏ဆေးရုံရှိ     ကျန်းမာရေး ဝန်ထမ်းအများစုမှာ    လက်ရှိအချိန်၌  ဖျားနာနေသောကြာင့်   ဝန်ထမ်းအင်အား လျော့နည်းသည့်   ပြဿနာကို   ရင်ဆိုင် နေရကြောင်း  အဆိုပါဆေးရုံ၏   ပြောရေး ဆိုခွင့်ရှိသူ  ဂျိုနက်ဒယ်လ်ရိုဆာရီယိုက ပြောကြားသည်။ 


လက်ရှိအချိန်၌   မိမိတို့၏ဆေးရုံသို့ တက်ရောက်ကုသရန်  ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာခံစားနေရသော လူနာများစွာ ရှိကြောင်း ၎င်းက ပြောကြားသည်။
မိမိတို့အနေဖြင့်   ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူများ တက်ရောက်ကုသရန် ခုတင်အရေအတွက် ကန့်သတ်ချက်များ ရှိခြင်းကြောင့်       လူနာအများအပြား တက်ရောက်ကုသရန်   မဖြစ်နိုင်သဖြင့်  အခြားဆေးရုံများသို့ ပြောင်းရွှေ့ကုသရန် လူနာများအား    ပန်ကြားထားကြောင်း ၎င်းက ပြောကြားသည်။ 


လက်ရှိအချိန်၌  ဖိလစ်ပိုင်နိုင်ငံတွင် ဒယ်လ်တာဗီဇပြောင်း     ဗိုင်းရပ်စ်သည် အခြားဗီဇပြောင်း    ဗိုင်းရပ်စ်များထက် ကူးစက်မှု   ပိုမိုလျင်မြန်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက      ယနေ့ ပြောကြားသည်။ 


နိုင်ငံအတွင်း       လက်ရှိအချိန်၌  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးအလုံးရေ  ၃၈ ဒသမ ၇ သန်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီး  နိုင်ငံသား ၁၆ ဒသမ ၇ သန်းကျော်မှာ  ကိုဗစ်-၁၉ ရောဂါ         ကာကွယ်ဆေး နှစ်ကြိမ်      ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း  သိရသည်။              

 ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ